Tuesday, August 14, 2012

ဒုတိယသမ္မကျမ်းကျိန်ဆိုမည့် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ တက်ရောက်ဖွယ်ရှိ




သြဂုတ် ၁၅ ရက် (မနက်ဖြန် မနက် ဆယ်နာရီ )တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမမြောက်နေ့ အစည်းအဝေး၌
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်စာရင်းကို ကြေညာပြီး
ဒုတိယသမ္မတက ပြည်ထောင်စုလွှတ်တော် နာယကရှေ့ မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်းလွှတ်တော်တာဝန်ရှိသူတစ်ဦးထံမှသိရ သည်။ ယင်းကျမ်းသစ္စာကျိမ်ဆိုမည့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ပါ တက်ရောက်နိုင်ကြောင်း လွှတ်တော်ကော်မတီဥက္ကဌများ၏ပြောကြားချက်အရသိရသည်။
"နိုင်ငံတော်သမ္မတ ကိုယ်တိုင်တက်ရောက်လာနိုင်တယ် ဒီလွှတ်တော်က ပြည်ထောင်စုလွှတ်တော်ဆိုတော့လေ ဒါပေမယ့် ဒုတိယ သမ္မတ ဘယ်သူဆိုတာတော့ မနက်ဖြန်မှ လွှတ်တော်နာယက ကိုယ်တိုင်အတည်ပြုပြီးပြောတာပိုကောင်းပါလိမ့်မယ် ကျွန်တော့်အနေနဲ့က သိလည်းပြောပြလို့ မရသေးပါဘူး " ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကပြောကြာသည်။

No comments:

Post a Comment