Tuesday, August 14, 2012

အခွင့်အရေးသည် ကုလားနှင့်မတန်



သြဂုတ် ၁၄
သာသနာရေး ဦးစီးဋ္ဌာနက ဟဂ်ျလုပ်ငန်း ၁၀ ဦးကော်မတီဟု ခေါ်ဝေါ်သည့် ကုမ္ပဏီ ၁၀ ခုကိုသာ နှစ်စဉ် လုပ်ပိုင်ခွင့် ပေးသည့်အပေါ် မကျေနပ်သဖြင့် သာသနာရေး ပြည်ထောင်စု ၀န်ကြီးအား
အစ္စလာမ်ဘာသာဝင်အချို့ က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဟဂ်ျ ဘုရားဖူး ခရီးစဉ်အတွက် ဆော်ဒီ ဗီဇာရယူခွင့်ကို မြန်မာနိုင်ငံ သာသနာရေး ဦးစီးဋ္ဌာနက အသိအမှတ်ပြုထားသည့် ၁၀ ဦးကော်မတီကသာ ရယူပေးခွင့်ရှိပြီး ယင်းသို့ဗီဇာ ရယူပေးခြင်း အတွက် ငွေကြေးပေးနေရခြင်းနှင့် ဘုရားဖူးများ ဗီဇာမရသည့် အခက်အခဲ ကြုံတွေ့နေရသည်ဟု ဆန္ဒထုတ်ဖေါ်သူများ ပြောသည်။

ထို့ကြောင့် ယင်းဗီဇာရယူခွင့်ကို ၁၀ ဦးကော်မတီ လက်ထဲမှ အစ္စလာမ်သာသနာရေး ခေါင်းဆောင်များ လက်သို့ လွှဲပြောင်းပေးရန် ယနေ့ နေ့လည်ပိုင်းက ကမ္ဘာအေး သာသနာရေး ဦးစီးဋ္ဌာနတွင် သွားရောက်ညှိနှိုင်းသော်လည်း

 အဆင်မပြေဖြစ်ရာမှ ယခုကဲ့သို့ ဆန္ဒထုတ်ဖေါ်ကြခြင်း ဖြစ်သည်။

"အလကားရတဲ့ ဗီဇာကို ဒေါ်လာ ၆၀၀ ကနေ ၁၀၀၀ ထိ ဈေးပေါက်နေတာကြောင့် ဆန္ဒပြတာ သမ္မတဆီလည်း စာတင်မယ်၊ ဘာသာရေးကိစ္စကို စီးပွားရေး မစွက်ဖက်စေချင်ဘူး "ဟု ဆန္ဒထုတ်ဖေါ်သူထဲမှ တဦးဖြစ်သူ ကိုဇော်မင်းက ပြောသည်။

ဆန္ဒထုတ်ဖေါ်သူ ၅ဦး ၆ ဦးခန့်သာရှိကာ ဆန္ဒထုတ်ဖေါ်မှု ဖြစ်ပွားသည့်နှင့် သာသနာရေး ဦးစီးဋ္ဌာန ရုံးဝင်း တံခါးကို ပိတ်လိုက်သည်ကို တွေ့ရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ မတွေ့ရပဲ နောက်ပိုင်းမှ သာရောက်ရှိလာခဲ့သည်။

နှစ်စဉ် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ ဟဂ်ျဘုရားဖူး သွားရောက်ချိန်တွင် ဗီဇာရယူခွင့်ကို ကုမ္ပဏီ ၁၀ ခုကသာ လုပ်ပိုင်ခွင့်ရနေသဖြင့် ဗီဇာတစောင်အတွက် ဒေါ်လာ ၆၀၀ မှ ၁၀၀၀ ထိ ငွေပေးကြရသည်ဟု ကိုဇော်မင်းက ပြောသည်။

No comments:

Post a Comment