Tuesday, August 14, 2012

ကျောက်တော် တွင်ရခိုင်ြ ပည် လွတ်ြေ မာက်ေ ရးပါတီ ဆက် ဆံရေးရုံးဖွင့်မည်


ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ဆက်ဆံရေးရုံးအား မကြာမီဖွင့်လှစ်နိုင်တော့မည်ဟု 

ပါတီစည်းရုံးရေးနှင့်ပြန်ကြားရေးကော်မတီအဖွဲ့ဝင်
ဦးခိုင်အောင်စိုးသန်းက ပြောသည်။


ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ်က ဒုတိယအချက်ဖြစ်သည့် နှစ်ဘက်အပြန်အလှန် ပြောဆို ဆက်ဆံရန်အတွက် မြို့နယ်အချို့တွင် ဆက်ဆံရေးရုံးခန်းဖွင့်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက စီစဉ်နေခြင်း ဖြစ်သည်။

“ကျောက်တော်မှာရုံးခန်းဖွင့်ဖို့က အခက်အခဲကသိပ်တော့ မရှိပါဘူး၊ ဒါပေမဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတော့ အာဏာပိုင်တွေက နှစ်ရက် သုံးရက်စောင့်ခိုင်းထားတယ် ”ဟု ဦးခိုင်အောင်းစိုးသန်းက ပြောသည်။

၂၀၁၂ဧပြီလ(၆)ရက်နေ့က ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီနှင့် ပြည်နယ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေး နွေးခဲ့စဉ်က ကျောက်တော်မြို့နှင့်ပလက်ဝမြို့နယ်တို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် နှစ်ဘက်သဘောတူညီခဲ့ကြသည်။

သို့သော် ပလက်ဝတွင်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးဖွင့်မည့်ကိစ္စကို ချင်းပါတီတစ်ခုမှ ကန့်ကွက်ခဲ့သည်။

“ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်နဲ့ ဦးအောင်မင်းတို့ ဘန်ကောက်မှာအလွတ်သဘော တွေ့ဆုံစဉ်က ဦးအောင်မင်းပြောတာက ဆက်ဆံရေးရုံးအတွက် ကန့်ကွက်ရင် စီးပွားရေးရုံးဖွင့်နိုင်ပါတယ်လို့ ပြောပါတယ်”ဟု ဦးခိုင်အောင်းစိုးသန်း က ဆိုသည်။

ထို့အပြင် ပြည်ထောင်စုအဆင့်ဆွေးနွေးမည့် အစီအစဉ်ကို ထိပ်ပိုင်းပါတီခေါင်းဆောင်များနှင့် ဆွေးနွေး နေကြောင်း ၄င်းက ဆိုသည်။

“ပါတီ ဒုဥက္ကဌဦးစီးပြီး အစိုးရနဲ့ဆက်လက် ဆွေးနွေးနေပါတယ်။ ဘယ်တော့ ပြည်ထောင်စုအဆင့် ဖြစ်မယ် ဆိုတာ ကျွန်တော်အတိအကျ မပြောနိုင်ပါဘူး’’ဟု ဦးခိုင်အောင်းစိုးသန်း ကဆက်ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည့် အိန္ဒိယနိုင်ငံနယ်စပ် အခြေစိုက်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။
ပြည်ထောင်စုအဆင့်ဆွေးနွေးရာတွင် အချက် (၁၇) ချက်ကို တင်သွင်းတောင်းဆိုမည်ဟု ပါတီ ဒုဥက္ကဌ ဦးခိုင် စိုးနိုင်အောင်က ဧပြီ(၆)ရက်နေ့က ပြောကြားခဲ့သည်။


အဆိုပါ ၁၇ချက်ထဲတွင် မတရားအသင်း ကြေညာထားသော ဥပဒေများ ပြန်ရုပ်သိမ်းပေးရန်နှင့်ပြည်သူများ၏ ကျန်းမာရေး ပညာရေး ၊ဘာသာရေး၊စာပေယဉ်ကျေးမှုအပြင် လူမှုနယ်ပယ်အသီးသီး၌ လွတ်လပ်စွာပါဝင် လုပ်ပိုင်ခွင့်ရှိရန်တို့ ပါဝင်သည်။


ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် သတ်မှတ်ထားသည့်မြို့နယ်တို့တွင် ဆက်ဆံရေးရုံးများဖွင့်ရန် စီစဉ်ထားသော်လည်း ပဋိပက္ခဖြစ်စဉ်များကြောင့် အချိန်အနည်းငယ်ကြန့်ကြာသွားခြင်းဖြစ်သည်။


No comments:

Post a Comment