Friday, August 3, 2012

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ(ချောက်) မီးလောင်



နေပြည်တော် သြဂုတ် ၂ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်စက်ရုံ (ချောက်)၌ သဘာဝဓာတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန် မဟုတ်သော ထူးခြားသည့် အသံများ ပေါ်ထွက် လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည် Working Solution များ အောက်သို့စီးကျလာပြီး ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပေါ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ချောက်မြို့၊ ညောင်ဦးမြို့နှင့်ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးထိန်းနိုင်ပြီး ညနေ ၆ နာရီတွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံအတွင်းရှိ အခြားအဆောက်အအုံများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှု အရှိန်ကြောင့် ပြတင်းပေါက်မှန်များသာ ကွဲအက်ပျက်စီးခဲ့ပြီး စက်ရုံဝန်ထမ်းငါးဦးနှင့် မီးသတ်ဝန်ထမ်း တစ်ဦးတို့အနည်း ငယ်ဒဏ်ရာရသည့်အနက် ဓာတုအရည်ထိမှန်သည့် ဝန်ထမ်းတစ်ဦးသာ ချောက်မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိကြောင်း၊ တပ်မတော်သားများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားရာ စက်ရုံသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများရောက်ရှိပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။






















No comments:

Post a Comment