Friday, August 3, 2012

CNA နဲ့ အင်တာဗျူး ကြောင့် သမ္မတဦးသိန်းစိန်၏ ယနေ့လုပ်ဆောင်မှုများက ၂၀၁၅ မှာ တစ်စုံတစ်ခု မျှော်လင့်ချက်ကြောင့် မဟုတ်ပဲ လူထုအတွက် စေတနာ သန့်သန့်နှင့်ဖြစ်





ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် နှင့် CNA တို့ အင်တာဗျူး ချိန်မှာ ၂၀၁၅ ထိ ပဲ တာဝန်ထမ်းဆောင်မယ်လို့ သမ္မတကြီး ရဲ့ ပြောဆိုမှုကြောင့် ယနေ့ ဦးသိန်းစိန်၏ လုပ်ဆောင်မှုများက ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်စုံတစ်ခု မျှော်လင့်ချက်ကြောင့် မဟုတ်ပဲ လူထုအတွက် စေတနာ သန့်သန့်နှင့်ဖြစ်ကြောင်း သိသာစေတယ်လို့ မြန်မာနဲ့ ကမ္ဘာတဝှမ်းမှ အသိအမှတ်ပြုလိုက်ပါတယ်။

မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်း
ဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တွေ့ဆုံဖြေကြားခဲ့ခြင်းပါတယ်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို Channel News Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။။

Channel News Asia နှင့် အင်တာဗျူးကဏ္ဍတွင် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သုံးသပ်ချက် အမြင်များ၊ အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့် အမြင်များ၊ မြန်မာ့ဒီမို ကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်း စုကြည်အပေါ် ထားရှိသည့်အမြင်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ချက်အပေါ် အမြင်များ၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုအပေါ် အမြင်များပါဝင်သည့် ဖြေဆိုမှုများကို ပြုလုပ်ခဲ့ပါတယ်။

ဖြေကြားချက်အားလုံးဟာ အပြုသဘောဆောင်ပြီး လက်တွေ့ကျခဲ့တာကြောင့် လူအများက နှစ်ခြိုက်ခဲ့ကြပေမယ့်။ ၂၀၁၅ ထိ သာ တာဝန်ထမ်းဆောင်မယ် ဆိုတာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် မြန်မာလူထုက စိတ်မကောင်းဖြစ်နေကြကြောင်း သိရပါတယ်။

ဦးသိန်းစိန်ဟာ ၁ နှစ်ကျော်ကြာ သမ္မတသက်တမ်းအတွင်းမှာ မြန်မာကို ကမ္ဘာ့အလည်မှာ ရင်ကော့လက်မထောင်ပြီး ရပ်တည်နိုင်အောင် ကြိုးစားနိုင်ခဲ့သူ ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေစဉ် အတွင်းမှာလည်း ၎င်း အရွေးခံ ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နဲ့ ကင်းရှင်းစွာ နေခဲ့ပြီး ပါတီ နေရာရရေး အတွက် လုပ်ဆောင်းခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေး အတွက် ရှေးရှုမြှော်တွေးကာ လုပ်ဆောင်ခြင်း တစုံတရာ မရှိပဲ တိုင်းပြည်နှင့် လူထု အတွက်သာ အပြည့်အဝ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာအစိုးရအဖွဲ့ကို အတုယူရန် ပြောဆိုနေချိန်ဖြစ်ပါတယ်။ တကယ်တမ်း ပထမဆုံး အတုယူ ရမယ့် လူတွေကတော့ တခြားနိုင်ငံက ခေါင်းဆောင်တွေ မဟုတ်ပဲ မြန်မာပြည်တွင်း မှ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ကိုယ့်ပါတီအတွက် လုပ်ဆောင်နေသူများ၊ NLD ၂၀၁၅ ရွေးကောက်ပွဲ ရှေးရှုပြီး လူထုအတွက် ဟန်ပြလုပ်နေကြသူ များက သာ ကိုယ့်ပြည်တွင်းမှာ ရှိတဲ့ တခြားနိုင်ငံသားတွေ အတုယူရတဲ့ ဦးသိန်းစိန်ကို အရင် အတုယူသင့်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

No comments:

Post a Comment