Thursday, August 16, 2012

UNHCR ရုံးရှေ့ ဆန္ဒပြသူ လူငယ် ၄ ဦးအား တရားစွဲဆို



သြဂုတ် ၃ ရက်တွင် UNHCR ရုံးရှေ့၌ သမ္မတကို ထောက်ခံ ဆန္ဒပြ ပွဲ ပြုလုပ်ခဲ့သည့် လူငယ်လေးဦးအား သြဂုတ် ၁၄ ရက်နေ့က စမ်းချောင်း ရဲစခန်းမှ လူ့အခွင့် အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၈)ဖြင့် တရားစွဲ ဆိုကြောင်း သိရသည်။

တရားစွဲဆိုခြင်းခံ ခဲ့ရသူ ကိုသူရထွန်း၏ အစ်မ ဖြစ်သူက ၄င်း၏ မောင် အနေဖြင့် နိုင်ငံရေးသမား တစ်ဦး မဟုတ်ဘဲ လွတ်လပ်စွာဖြင့် ဆန္ဒ သွားရောက် ထုတ်ဖော်ခြင်း သာဖြစ်ကြောင်း ၊ ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းအပေါ် တွင်ဝမ်းနည်းမိကြောင်းပြောသည်။
”ရဲစခန်းက အစ်မတို့ ဆီကို ဖုန်းဆက် လာတယ်။ စခန်းကို ခဏလောက် လာခဲ့ပါဦးပေါ့။ ဆန္ဒပြဖို့ တင်ပြထားတာ သူတို့လေးယောက် နာမည်နဲ့ ဆိုတော့ သူတို့ လေးယောက်ကိုပဲ ခေါ်လိုက်တာပါ” ဟု ၄င်းကဆက်လက်ပြောသည်။

အဆိုပါ လူငယ် လေးဦးမှာ မည်သည့် အသင်း အဖွဲ့တွင်မှ မပါ ဝင်ကြောင်း၊ ၄င်းက ထပ်လောင်း ပြောသည်။
ဆန္ဒ ထုတ်ဖော်ခဲ့ သူများဖြစ်သည့် ကိုဝင်းခန့်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုးနှင့် ကိုသူရထွန်း တို့မှာ စမ်းချောင်း ရဲစခန်းနှင့် တိုင်းရုံးသို့ ခွင့်ပြုမိန့် လျှောက်ထား ခဲ့ရာတွင် ပယ်ချခဲ့ကြောင်း၊ သို့သော် မစ္စတာ ကင်တားနား ရောက်ရှိချိန်တွင် ဆန္ဒ ထုတ်ဖော် လိုသည့် အတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း၊ တရား စွဲဆိုမှုကို သြဂုတ် ၁၆ ရက်နေ့ ယနေ့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment