Thursday, August 16, 2012

အမေရိကန်ရဲ့ ခြင်ကောင်


 Photo: West Nile ဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် ၁၅ ဦးသေဆုံး  ပေကျင်း သြဂုတ် ၁၄  အမေရိကန်နိုင်ငံတွင် အပူလွန်ကဲခြင်းနှင့် မကြာသေးမီက မိုးရွာသွန်းမှုများကြောင့် ခြင်မှတစ်ဆင့် ကူးစက်ခံရ သည့် West Nile ဗိုင်းရပ်စ်ကူးစက်ခံရ သူများ တိုးပွားလျက်ရှိကြောင်း သိရသည်။ တက္ကဆက်ပြည်နယ်တွင် အဆိုပါ ဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့် ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ချီကာဂိုမြို့ရှိ ရေကန်များ၏ ၁၉ ရာခိုင်နှုန်းတွင် West Nile ဗိုင်းရပ်စ်တွေ့ရှိရပြီး ဒါးလက်စ်မြို့ရှိ နေရာအချို့တွင် အဆိုပါ ဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့်ခြင်များ နှိမ်နင်းရန်အတွက် ကောင်းကင်မှဆေး ဖျန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဗိုင်းရပ်စ်ကို အပူအအေးမျှတသည့် ဒေသနှင့် အပူပိုင်းဒေသများ တွင်တွေ့ရှိရပြီး ၎င်းဗိုင်းရပ်စ်သည် ငှက်များတွင် အများဆုံးဖြစ်ကြောင်း သိရသည်။  ၎င်းဗိုင်းရပ်စ်သည် လူကို ခြင်မှတစ်ဆင့် ကူးစက်ပြီး ရောဂါလက္ခဏာ ရပ်များမှာ ခေါင်းကိုက်ခြင်း၊  ချွေးထွက်များခြင်း၊ ချမ်းခြင်းနှင့် အားနည်းခြင်းတို့ ဖြစ်ကြောင်း သိရသည်။



ခြင်ကောင်မဟုတ်ပါ

ထောက်လှမ်းရေးပိုးကောင် ဖြစ်သည်။


မြို့ပြတွေမှာထောက်လှမ်းဖို
့ အမေရိကန် အစိုးရ ထောက်ပံ့မှုဖြစ် ထုတ်လုပ်နိုင်ခဲ့သည်။ 

အဝေးထိန်းကိရိယာနှင့် ထိန်းကြောင်းနိုင်ပြီး ကင်မရာ၊ အသံဖမ်းစက်များ တပ်ဆင်ထားသည်။

သင့်ကိုယ်ပေါ်မှာ ရပ်နားနိုင်ပြီး DNA ပါယူသွားနိုင်သည်။ ဒီ့အတွက် သင့်ကိုယ်ပေါ်မှာ ဘာအထောက်အထားမှ ကျန်ရှိအုံးမည်မဟုတ်ပါ။

ပြတင်းတံခါးများမှ ပျံဝင်နိုင်ပြီး သင့်အ၀တ်အစားများမှာ တွယ်ကပ်နေပြီး အိမ်အထိကပ်ပါသွားနိုင်သည်။

Is this a mosquito?
No. It's an insect spy drone for urban
areas, already in production, funded
by the US Government. It can be
remotely controlled and is equipped
with a camera and a microphone.
It can land on you, and it may have the
potential to take a DNA sample or leave
RFID tracking nanotechnology on your
skin. It can fly through an open
window, or it can attach to your
clothing until you take it in your home.

No comments:

Post a Comment