Thursday, August 16, 2012

တိုက်စစ်မှူးဗန်ပါစီ အပြောင်းအရွှေ့ မန်ယူနှင့် အာဆင်နယ် သဘောတူညီမှုရ


တိုက်စစ်မှူးဗန်ပါစီ အပြောင်းအရွှေ့ မန်ယူနှင့် အာဆင်နယ် သဘောတူညီမှုရမန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းတို့ ကာလအတန်ကြာ ချိတ်ဆက်နေသည့် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီအား ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့သည်။ အာဆင်နယ် အသင်းခေါင်းဆောင်သည် ပေါင်စတာလင် (၂၄)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် မန်ယူသို့ ရောက်ရှိလာမည်ဟု သတင်းများက ဆိုသည်။

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းတို့ ကာလအတန်ကြာ ချိတ်ဆက်နေသည့် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီအား ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့သည်။ အာဆင်နယ် အသင်းခေါင်းဆောင်သည် ပေါင်စတာလင် (၂၄)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် မန်ယူသို့ ရောက်ရှိလာမည်ဟု သတင်းများက ဆိုသည်။ အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင်သည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အသင်းနှင့် သက်တမ်းတိုးရန် ငြင်းဆိုခဲ့သည့်နောက် အာဆင်နယ်က ၎င်းအား ရောင်းထုတ်ခဲ့ရခြင်း ဖြစ်သည်။

အာဆင်နယ်သည် (၁၉၈၇)ခုနှစ်က ဗစ်ဗ်အန်ဒါဆန်အား မန်ယူထံ ရောင်းချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူထံ ကစားသမားတစ်ဦး လွှဲပြောင်းပေးခဲ့ခြင်းလည်း ဖြစ်သည်။ သတင်းများအရ မန်ယူသည် အာဆင်နယ်ထံ ကနဦး ပေါင်စတာလင် (၁၅)သန်း ပေးချေပြီး ကျန်ငွေသားကို ကစားသမား၏ စွမ်းဆောင်ရည်အလိုက် လွှဲပေးသွားမည်ဟု သိရသည်။
ဗန်ပါစီသည် ယမန်နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ် သွင်းဂိုး(၃၀) ရရှိခဲ့သည်။ ၎င်းသည် မန်ယူတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းဝန်းကျင်ဖြင့် (၄)နှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးဖွယ် ရှိနေသည်။ မန်ယူသည် ယခုနွေရာသီတွင် ရှင်ဂျီကာဂါဝါ၊ နစ်ခ်ပါဝဲလ်၊ အန်ဂျလို ဟန်ရီကက်ဇ်တို့ကို ခေါ်ယူထားပြီးနောက် ဗန်ပါစီကို ထပ်မံဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

No comments:

Post a Comment