Thursday, August 16, 2012

ပါကစ္စတန်တွင် အင်္ဂလန်ဆရာဝန်ကိုခေါင်းဖြတ်သတ်

ပါကစ္စတန် နိုင်ငံတွင် တာဝန် ထမ်းဆောင် နေသော ကမာ့္ဘ ကြက်ခြေနီ အဖွဲ့မှ အင်္ဂလန် နိုင်ငံသား ဆရာဝန် ဒေါက်တာ Khalil Rasjed Dale ၏ ခေါင်းဖြတ် သတ်ထားသည့် အလောင်းအား တွေ့ရှိခဲ့ကြောင်း
ကမ္ဘာ့ သတင်း များမှာ ဖော်ပြ ပါရှိပါတယ်။
အဆိုပါ အလောင်အား ပါကစ္စတန် တောင်ပိုင်း Quetta မြို့လယ် ပလက်ဖောင်း ပေါ်မှာ တနင်္ဂနွေ နေ့က တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး အလောင်း နှင့်အတူ “ပြန်ပေးငွေ တောင်းခံ၍ မပေးသောကြောင့် သတ်လိုက်သည်” ဟူသော စာတမ်းနှင့်အတူ ဒေါက်တာ Khalil Rasjed Dale ၏ နာမည်ကို မှင်အမဲဖြင့် ရေးသား ထားသည်ကို ပူးတွဲ တွေ့ရသည်ဟု ပါကစ္စတန် ရဲအဖွဲ့မှ တရားဝင် ထုတ်ဖော် ပြောဆို လိုက်ပါသည်။ လွန်ခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ က ဆရာဝန် ဒေါက်တာ Khalil Rasjed Dale အသက် ၆၀ နှစ်သည် အလုပ်ခန်း ရှိရာ ရုံးသို့သွားရာ လမ်းအနီး၌ ပြန်ပေးဆွဲ ခံရခြင်းဖြစ်သည်။

No comments:

Post a Comment