Thursday, August 16, 2012

မြေယာကိစ္စနှင့် အခြားဥပေ ဒရေး ရာများ NLD က အခမဲ့တိုင် ပင်ဆွေးနွေးပေးမည်


မြေယာကိစ္စများအပါအ၀င် အခြားဥပဒေရေးရာများအား ဆွေးနွေးလိုပါက စနေ၊တနင်္ဂနွေ အပတ်စဉ်တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း ညနေ ၃ နာရီမှ ၆ နာရီအထိ လည်းကောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေပြည်တော်တွင် ဥပဒေပညာရှင်များက အခမဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး( နေပြည်တော်)ဖွင့်ပွဲတွင် လူထုအား မိန့်ခွန်းပြောကြားရတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(နေပြည်တော်)ရုံးဖွင့်ပွဲအား ယနေ့ညနေ ငါးနာရီ ခန့်က နေပြည်တော် သပြေကုန်းရှိ အဆိုပါရုံးးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအနေဖြင့်လုပ်ပေးနိုင်သည့် ဥပဒေရေးရာကိစ္စရပ်များ၊ပညာရေး ကျန်းမာရေးကိစ္စရပ်များအား ၁၅ မိနစ်ခန့် လူထုအား မိန့်ခွန်းပြောကြားသွားခဲ့သည်။

No comments:

Post a Comment