Thursday, August 16, 2012

လူ (၃) ဦးကို စိတ်ကြွဆေးပြား ၁၁၃၀၅ လုံးနှင့် အတူ နတ်မြစ်တွင် ဖမ်းဆီး



16 Aug 2012



မြန်မာ-ဘင်္ဂလားဒေ့ခ်ျ အကြား ဖြတ်သန်း စီးဆင်းနေသော နတ်မြစ်အတွင်း မှောင်ခိုသမား ၃ ဦးကို စိတ်ကြွ ဆေးပြား ၁၁၃၀၅ နှင့်အတူ ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

သူတို့ ၃ ဦးအား စက်လှေ တစ်စီးနှင့် အတူ စိတ်ကြွဆေးပြားများကို မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ဘက်က တင်သွင်းလာစဉ် သြဂတ်စ်လ ၁၄ ရက်နေ့က အမှတ် ၄၂ တပ်ရင်းက ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း ဘင်္ဂလာ တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခံရသူ များမှာ တက်ကနက်မြို့ မော်လဗီ ဘာဇာတွင် နေထိုင်သူ အဘူဟာဆန်(၂၂)၊ နရူဟိုဆင်(၂၀) နှင့် အုဒူလတ်(၁၈) တို့ဖြစ်ကြသည်။

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား တန်ဖိုးမှာ ကာလပေါက်ဈေးအရ တကာကာ ၂ သန်းဖိုးခန့် ရှိသည်ဟု ဆိုသည်။

စိတ်ကြွ ဆေးပြား တစ်ပြားမှာ ဘင်္ဂလာဈေးကွက်တွင် တာကာ ၁၈၀ ကနေ ၃၅၀အထိရှိသည်။ ၁၁၃၀၅ လုံးမှာ၏ တန်ဖိုးမှာ တာကာ ၂သန်း နီးပါး တန်ဖိုးရှိသည်ဟု သိရသည်။ နယ်စပ်တွင် ယနေ့ ငွေလဲလှယ်နုန်းမှာ တာကာ ၁၀၀ ကို ကျပ်ငွေ ၉၆၀ ရှိသည်။


No comments:

Post a Comment