Thursday, August 16, 2012

ဝန်ထမ်းများ ဖုန်းလျှောက်ထားမှု ကြန့်ကြာခြင်း မကြာမီ ရှင်းပေးမည်



ဌာနအလိုက်ချထားပေးသည့် ဖုန်းအလုံးရေ အခက်အခဲကြောင့် ဝန်ထမ်းများ ဖုန်းဝယ်ယူမှု ကြန့်ကြာနေရခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ နိုင်ငံ့ဝန်ထမ်း များအား
အရစ်ကျစနစ်ဖြင့်ဖုန်းဝယ်ယူခွင့် ပေးခဲ့ပြီး ဖုန်းဝယ်ယူခွင့်ကို သက် ဆိုင်ရာဌာန ထောက်ခံချက် အပြည့် အစုံနှင့် လျှောက်လွှာတင်ရမည်ဖြစ် ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ ယင်းသို့ လျှောက် လွှာတင် ဝယ်ယူရာတွင် အချိန်ကြန့် ကြာမှုများဖြစ်ပေါ်ခဲ့ပြီး လွယ်လင့် တကူ
ဝယ်ယူနိုင်ခြင်းမရှိဟု ဝယ် သူအချို့ထံမှ သိရသည်။''ပထမအကြိမ် ဖုန်းလျှောက် ခွင့်ရကတည်းက ထောက်ခံချက် တွေနဲ့စာတင်ခဲ့ပါတယ်။ စုံစမ်းကြည့် တော့ အလှည့်မရောက်သေးလို့ မပေးသေးတာပါ။ အလှည့်ေ ရာက်မှ ပေးမယ်လို့ပြောပါတယ်''ဟုမင်္ဂလာဒုံမြို့နယ်လေးထောင့် ကန်စံပြရပ်
ကွက်မှမူလတန်းပြ ဆရာမဒေါ်ခင် သန်းမြင့်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီ ယာချုပ်တစ်ဦးကဖုန်းအလုံးရေအခက် အခဲကြောင့်ဖြစ်ပြီး မကြာမီ ယင်း အခက်အခဲများကို ပြေလည်အောင် ဆောင်ရွက်ပေးသွားမည်ဟုပြောသည်။
ဖုန်းများ ဝယ်ယူရာတွင် လစဉ်ပေးသွင်းရသည့် နှုန်းထား ကိုသာ လျှော့ချပေးထားပြီး ကနဦး ပေးသွင်းငွေကို လျှော့ချခြင်းမရှိဘဲ ယခင်ရောင်းချသည့် ပုံစံအတိုင်း ဆက်လက်ကောက်ခံနေသည့်အ တွက်ဝန်ထမ်းများဖုန်းဝယ်ရန်အဟန့် အတားဖြစ်စေကြောင်း
သိရသည်။ ''လစဉ်ပေးသွင်းငွေကတော့ တတ်နိုင်ပါတယ်။ဒါပေမဲ့လောလော ဆယ်ပေးသွင်းရမယ့် ငွေကများနေ တော့ ဖုန်းဝယ်ဖို့အဆင်မပြေနိုင်ပါ ဘူး''ဟု အင်းစိန်မြို့နယ်မှ အစိုးရပုံ နှိပ်စက်ရုံဝန်ထမ်း မသီတာအေးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး အင် ဂျင်နီယာချုပ်က ကနဦးပေးသွင်းငွေ မပြောင်း လဲရခြင်းမှာ ယခင်ဖုန်းဝယ် ယူထားသူများ နစ်နာမှုမဖြစ်အောင် တစ်ပြေးညီ ဆောင်ရွက်ပေးရခြင်း ကြောင့် ဖြစ်ကြောင်း ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ နိုင်ငံ့ဝန်ထမ်းများအား အရစ်ကျ စနစ်ဖြင့် ဖုန်းရောင်းချပေးခြင်းကို ၂ဝ၁၂ ဇွန်လ ၃ဝ နှင့် ဇူလိုင် ၃၁ ရက်နေ့များတွင် ဖုန်းအမျိုးအစား အပေါ်မူတည်၍ တစ်လလျှင်ကျပ် လေးသောင်း သို့မဟုတ်ကျပ်ငါးသောင်း နှုန်းဖြင့်ငါးရစ်ပေးသွင်းရမည်ဟု ထုတ်ပြန် ထားခဲ့ပြီးနောက်ဝန်ထမ်း များ၏လစာအပေါ်မူတည်ပြီးသြဂုတ် ၃၁ ရက်နေ့မှစတင်ကာ လစဉ် ကျပ်တစ်သောင်း သို့မဟုတ် တစ် သောင်းငါးထောင်နှုန်းသို့ လျှော့ချ ပေးသွင်းခွင့်ပြုသည်ဟု ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment