Thursday, August 16, 2012

မြန်မာနိုင်ငံတွင် အိမ်၊ခြံ၊မြေဈေးများ အဆမတန်ကြီးနေမှု မကြာခင် နိဂုံးချုပ်တော့မည်

မြေနှင့်အိမ်ရာစီမံခန့်ခွဲ မှုများကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရမှ သာဆောင်ရွက်ရန် သမ္မတညွှန်ကြားေ ကြာင်းသိရှိရသည်ပြည်သူများနှင့်ထိတွေ့ ဖြေရှင်းရသည့်အထဲတွင် မြေနှင့်အိမ်ရာ
စီမံခန့်ခွဲမှုများသည် ပြသနာရှုပ်ထွေးသည့်အတွက်ပြည်နယ်၊ တိုင်းအစိုးရများ အနေနှင့်ပြည်ေ ထာင်စုအစိုးရ၏ သဘောထားမှတ်ချက်မပါဘဲ တိုက်ရိုက်စီမံခန့်ခွဲမှုမပြုလုပ် ရန်နှင့်ပြည်ထောင်စုအစိုးရ ၏ခွင့်ပြုချက်ရယူသွားရန်လိုအပ်ကြောင်းနိုင်ငံတော် သမ္မတဦးသိန်းစိန် က နေပြည်တော်တွင် သြ ဂုတ်လ၁၅ရက်နံနက်ကပြုလုပ်သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့အစည်းအဝေး တွင်ပြောကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နိုင်ငံတော်က ဖွဲ့စည်းပေးထားသော မြေ ၊အဆောက်အအုံများမှ တစ်ပါးကျန်ဝန်ကြီးဌာနအစီအစဉ်ရှိနေ သည့် မြေနှင့် အဆောက်အအုံများကို တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များက စီမံကိန်းကော်မရှင်သို့တင်ပြထားသည့်မြို့ ပြစီမံကိန်းနှင့်အညီ ဆောင်ရွက်နိုင်ရန် အစိုးရ အဖွဲ့အစည်း အဝေးသို့တင်ပြ လွှဲပြောင်းသွား ရမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။

အောက်ခြေမြို့နယ် အချို့တွင် မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ အစည်းများက သူ့နည်းသူ့ဟန်ဖြင့် ရင်းနှီးမြုပ်နှံမှုများကို နေရာချပေးခြင်း ဘာသာရေး အဆောက်အအုံတိုးချဲ့မှုများကိုမသိရှိခြင်း၊ အချို့ဓာတ်ဆီဆိုင်နေရာများကို ယင်းတို့သဘောအတိုင်း နေရာ ချထားခြင်းကြောင့်ပြည်သူများနှင့် ပြသ နာဖြစ် ပွားခြင်း စသည့်ပြ သနာများကြုံတွေ့နေရကြောင်းလည်း သမ္မတကအစည်းအဝေး နိဂုံးချုပ် မိန့်ခွန်းတွင် ရည်ညွှန်းပြောဆိုသွားသည်။

ထို့အပြင် မြန်မာနိုင်ငံကို လာရောက်ရင်းမြုပ်နှံကြမည့်သူများအတွက် အခြားနိုင်ငံများကဲ့သို့ အဆင်ပြေချောမွေ့ခြင်းမရှိသည့်ကိစ္စမှာမြေနေရာ ရရှိရေးကြန့် ကြာနေသောကြောင့် ဖြစ်ကြောင်း လည်း သမ္မတ က ပြော ဆိုခဲ့သည်။ထို့ကြောင့် နိုင်ငံတော် အနေနှင့် မြေယာခွဲဝေ အသုံးချမှု စိစစ်ရေးဆောင်  ရွက်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု့ စီမံကိန်းများတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ အရေးကြီးသည့်အတွက် ဥပဒေလုပ်ထုံး လုပ်နည်းများ အမြန်ရေးဆွဲပြဌာန်းနိုင်ရန်လည်းစီ စဉ်နေကြောင်း သမ္မတကပြောကြားခဲ့သည်။

1 comment:

  1. သတင်းကောင်းတစ်ခုပါ

    ReplyDelete