Thursday, August 16, 2012

တိုတိုထွားထွားစုစည်းမှုများ



ရခိုင်အရေးနဲ့ ပတ်သက်လို့ အိန္ဒိယအခြေစိုက် မွတ်စလင်အဖွဲ့ တချို့ရဲ့ မဟုတ်မမှန် လုပ်ကြံ ၀ါဒဖြန့်မှုတွေ ရှိနေတာ ကို ပြည်ပရောက် တိဘက်အစိုးရက ရှုံ့ချလိုက်ပါတယ်။ ရခိုင်မှာ ဘင်္ဂလာလီတွေအပေါ်
ဘုန်းတော်ကြီးတွေက ညှင်းပမ်း နှိပ်စက်နေသယောင် လုပ်ကြံဝါဒဖြန့်တဲ့ သတင်းနဲ့ ဓာတ်ပုံတွေဟာ တကယ်တမ်းကျတော့ မြန်မာပြည်က ဓာတ်ပုံတွေမဟုတ်ဘဲ ၂၀၁၀ တိဘက် ငလျင်ဘေးတုန်းက တိဘက်ဘုန်းတော်ကြီးတွေက ဒုက္ခသည်တွေကို ကူညီ နေတဲ့ ပုံတွေဖြစ်နေပါတယ်။ ဒါမျိုးကို ထင်ယောင်ထင်မှာ မလုပ်ဖို့ တိဗက်အစိုးရက တောင်းဆိုလိုက်တာပါ။ ဒီလို လုပ်ရပ်မျိုးကြောင့် တာလီဘန်တွေကို ဆွပေးတာမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့  အိန္ဒိယအခြေစိုက် အဝေးရောက် တိဘက်အစိုးရ ခေါင်ဆောင်တဦးက အိန္ဒိယမှာ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။


မြန်မာပြည်ဟာ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် ကမ္ဘာပေါ်မှာ စိုးရိမ်စရာ အကောင်းဆုံး ၁၀ နိုင်ငံ ထဲ ပါဝင် နေတယ်လို့ ဗြိတိန် သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်တဲ့ သုတေသန အတိုင်ပင်ခံ အဖွဲ့ မက်ပလီခရော့်ဒ် Maplecroft က သတိပေးလိုက်ပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၇ နိုင်ငံကို လေ့လာတဲ့အခါ အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံ စာရင်းမှာ အာရှက မြန်မာပြည်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို ၆ နိုင်ငံတို့  ပါဝင်ပါတယ်။ နိုင်ငံ တွေရဲ့ သဘာဝအန္တရာယ် ကျရောက်နိုင်ခြေနဲ့ ပတ်သက်လို့ တွက်ချက်တဲ့အခါမှာ တိုင်းပြည်စိးပွားရေးအပေါ် သဘာဝ ဘေးက သက်ရောက်နိုင်တဲ့ ပမာဏ၊ ကြိုတင်ပြင်ဆင်ထားတဲ့ အခြေနေ၊ တိုင်းပြည်ရဲ့ ခံနိုင်ရည်တွေအပေါ်မှာ တွက်ချက်ပြီး အဆင့် သတ်မှတ်တာပါခင်ဗျာ။
မြန်မာပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြန့်ကြာနေရတဲ့ အကြောင်းတွေထဲမှာ အဆင်ပြေချောမွေတဲ့ မြေနေရာရရှိဖို့ ခက်ခဲတာကလဲ အကြောင်းတရပ် ဖြစ်နေကြောင်း သမတ ဦးသိန်းစိန်က ပြောပါတယ်။ ဒီ အခက်ခဲ ဟာ နဂို ကတည်းက မြို့ပြစီမံကိန်းကို ကြိုတင်ရေးဆွဲ မထားနိုင်လို့ ပေါ်ပေါက်ရတာလို လဲ သမတက ဆိုပါတယ်။ နောင် လာမယ့် ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေယာနဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ အစိုးရက မြို့ပြ စီမံကိန်းနဲ့ အညီဖြစ်စေဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားကို မထိခိုက်ဖို့၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့ အလုပ်ကိုင် အခွင့်လမ်းနဲ့ ဒေသစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်ကူ ဖြစ်မဖြစ် အပေါ်တွေမှာ အခြေခံ စဉ်းစားကြဖို့ သမတက ညွန်ကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နေမှုတွေကို ကုလ သမဂ ချီးကျူးလိုက်ပါတယ်။ မကြာခင်က တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့ အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ မြန်မာပြည်သွားခဲ့ပြီး သမတအပါဝင် အရာရှိတွေနဲ့ တွေ့ခွင့်ရခဲ့သလို၊ အောက်ခြေ အခြေနေတွေကို လေ့လာခွင့် ပေးခဲ့တဲ့အပေါ် ချီးကျူးလိုက်တာပါ။ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ကိုယ်စားလှယ် ဘီဂျေနမ်ပီယားကလဲ မြန်မာအစိုးရဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ သဘောထားကို ပြသရာရောက်ပြီး၊ ရခိုင်ပြည်ပြသနာကို နိုင်ငံတကာအသိုင်းဝိုင်းနဲ့အတူ ပူးပေါင်းဖြေရှင်းချင်တဲ့ ဆန္ဒရှိနေတယ်လို့ ချီးကျူးလိုက်တဲ့ အကြောင်း ကုလသမဂရဲ့ ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်ခင်ဗျာ။
 
ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်ကို ကျွံတယ်ဆိုပြီး ဖမ်းထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့ ဝင် ၁၄ ဦး ပြန်လွတ်ဖို့ ကြိုးစားနေပါတယ်။ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်ထဲမှာ ရှမ်းတပ်ဖွဲ့ ဝင်တွေကို ဇူလိုင် ၃၀ ရက်နေ့ မှာ ဖမ်းခဲ့တာပါ။ ပြန်လွတ်ရေးအတွက် သြဂုတ်လ ၁ ရက်နဲ့ ၄ ရက်တွေမှာ နှစ်ကြိမ် ဆွေးနွေးဖို့ သွားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ရှမ်းဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။ ယူဒဗလျူအက်စ်အေ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့် ကတော့ ၂ ကြိမ် ဆက်သွယ်လာသူတွေဟာ အောက်ခြေ အရာရှိ တွေပဲဖြစ်ပြီး ထိပ်ပိုင်းအဆင့်တွေ လာ ဆွေး နွေး စေချင်တယ်လို့ ပြော သွားခဲ့ပါတယ်။

မြန်မာပြည်ရဲ့ မြစ်ကြီး ၄ စင်း ရေကြီးနေတာကြောင့် မြို့  ၅ မြို့ စိုးရိမ် ရေမှတ်အထက် ရောက်နေကြောင်း မိုးလေ၀ သ ဌာနက ထုတ်ပြန်ထားပါတယ်။ သံလွင်မြစ် ရေကြီးနေလို့ ဘားအံမြို့မှာ ၂ ပေခွဲ ကျော်၊ ရွှေကျင်မြစ်ကြောင့် ရွှေကျင် မှာ ၁ ပေခွဲခန့်၊ င၀န်မြစ်ရေကြီးနေတာမို့  ငါးသိုင်းချောင်းမြို့မှာ ၂ ပေခွဲလောက်နဲ့  စစ်တောင်းမြစ် ရေကြီးနေတာမို့ တောင်ငူ မှာ ၁ ပေ ကျော်နဲ့ မဒေါက်မှာ ၄ ပေ ခွဲလောက် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပါတယ်။ သြဂုတ်လ ၁၆ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ တနိုင်ငံလုံး နေရာအနှံ့ မိုးရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊၊ ရခိုင် ပြည်နယ်နှင့်မွန်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မြန်မာပြည်အတွက် စတော့ပ်အိတ်ချိန်း ဥပဒေရေးဆွဲရာမှာ ဂျပန်က ကူညီသွားမယ်လို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီးကို ကိုးကားပြီး အဆာဟိ ရှင်ဘွန်း သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ စတော့ပ်အိတ်ချိန်းကို လာမယ့် ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့ ပြင်နေပါတယ်။ ဥပဒေရေးဆွဲရေးမှာ ဂျပန်က ကူညီဖို့ ဒီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ နာလည်မှုစာချုပ် ချုပ်ဆိုထားပြီး၊ ဂျပန်က ကျွမ်းကျင်ပညာရှင်တွေ၊ ရှေ့နေတွေက အကြံဥာဏ်တွေ ပေးသွားမယ်လို့ သိရပါတယ်ခင်ဗျာ။
 

No comments:

Post a Comment