
သြဂုတ်လ ၁၂ ရက်တွင် ကျရောက်သည့် မွေးနေ့ကုသိုလ် အဖြစ် အိမ်တွင် အုတ်ခွက်ဘုရားပင့်၍ ပူဇော်ခဲ့ကြောင်း စန္ဒီမြင့်လွင်က ဆိုသည်။
သူမ၏
မွေးနေ့မတိုင်မီ တစ်ရက် တွင် အကြိုအဖြစ် အလှူတစ်ခု ပြုလုပ်ခဲ့ ပုံကို သူမက
”မွေးနေ့အကြို လုပ်တယ်ဆိုတာက အိမ်မှာဘုရားပင့် မှာ ဆိုတော့ သူငယ်ချင်းတွေ
အကုန်လုံး၊ ဟစ်ဟော့ပ်၊ Pop က လူတွေရော၊ VCD တုန်းကလည်း ရိုက်ပေးခဲ့ကြတဲ့
သူတွေ အကုန်လုံးကိုလည်း ဘာမှ မကျွေးရသေးတော့ မွေးနေ့နဲ့တစ်ခါတည်း
ပေါင်းကျွေး လိုက်တာပါ” ဟုဆိုသည်။ မွေးနေ့ကို အကြောင်းပြုပြီး
အလှူလုပ်ဖြစ်ခဲ့တဲ့ သူမအနေဖြင့် အလှူအတန်းများ လုပ်ဖြစ်နေခြင်းနှင့်ပတ်သက်၍
”မွေးနေ့ဆို အလှူလေး လုပ်ချင်တာ ဘယ်နေ့လှူလှူ အလှူက အလှူပါပဲ။ အုတ်ခွက်
ဘုရား ပင့်ဆောင် တာကတော့ အဓိဋ္ဌာန်ထားတာ ပေါ့။ ကိုယ့်အိမ်ကို ဘုရားပင့်
ပြီးတော့ အလှူလေးလုပ်တဲ့ သဘောပါ။ နေ့တိုင်း ငါးပါးသီလ၊ ကုသိုလ် ငါးမျိုးမှာ
ကိုယ်တတ်နိုင်တဲ့ ကုသိုလ် ကတော့ အမြဲတမ်းလုပ်ဖြစ် ပါတယ်။ အလှူကြီးတွေကတော့
မွေးနေ့မှ မဟုတ်ဘူး။ အမြဲတမ်းလုပ် ပါတယ်။ ၁ဝ လပိုင်းမှာလည်း ကထိန်ခင်း
ဦးမယ်”ဟု ပြောသည်။
No comments:
Post a Comment