Friday, August 3, 2012

မန္တလေးမှာ မနက်ဖန်ဒီပွဲရှိတယ်

 


မနက်ဖန် ... လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းနဲ့ ကဗျာချစ်သူများအနုပညာကွန်ယက် (မန္တလေး)တို့မှ ပူးပေါင်းပြီး ရခိုင်/
ကချင် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ဂီတဖြင့်လှည့်လည် သီဆိုကာ အလှုခံမည်ဖြစ်ပါသည်။၎.၈.၂၀၁၂ ၇း၃၀ မှ ၈း၃၀ ထိ ၂၆လမ်း နှင့် ၂၇လမ်းကြား ၆၆လမ်းရှိ ရွှေပြည်မိုးလက်ဘက်ရည်ဆိုင်တွင်လည်းကောင်း ၊ ၉း၃၀ မှ ၁၀း၃၀ တွင် မန္တလေးကုန်စည်ဒိုင် တောင်ဘက် ကိုဂျပန်ပွဲရုံဝင်းအတွင်းတွင် လည်းကောင်း ၊ ၄း၀၀ မှ ၅း၀၀ ထိ ၂၈လမ်းနှင့်၂၉လမ်းကြား ၈၀လမ်း နှင့် ၈၁လမ်းကြား ရှေ့တော်ပြေးဝင်း အတွင်းတွင်လည်းကောင်း ၊ ၇း၃၀ မှ ၈း၃၀ထိ ၈၄လမ်း ၃၂လမ်း နှင့် ၃၃လမ်းကြား D&G Food Center တွင်လည်းကောင်း ဖျော်ဖြေအလှုခံမည်ဖြစ်ပါသည်။ထို့နောက် ၅.၈.၂၀၁၂ တွင် မတ္တရာ ၊ စဉ့်ကူးမြို့ များသို့သွားရောက်အလှုခံမည်ဖြစ်ပြီး ၆.၈.၂၀၁၂ တွင် ရွှေဘိုမြို့တွင် ဖျော်ဖြေမှုများပြုလုပ်မည်ဖြစ်ပါသည်။ ၆.၈.၂၀၁၂ ခုနှစ် ညပိုင်း နှင့် ၇.၈.၂၀၁၂ မနက်ပိုင်းတွင် ရေဦးမြို့သို့ဖျောဖြေမည်ဖြစ်ကာညနေပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသိရပါမည်။ထို့နောက် ၈.၈.၈.၈ အထိမ်းမှတ်ပွဲကို ကိုမင်းကိုနိင်အပါဝင် ၈၈မျိုးဆက်ကျောင်းသားများ နှင့် မန္တလေးမြို့တွင် အတူဖြတ်သန်းမည်ဟုသိရှိရပါသည်။

No comments:

Post a Comment