Saturday, February 9, 2013

သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်

သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃

မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းလုပ်ဆောင်တဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဟာ စီမံကိန်း မစ တင်ခင်နဲ့ အကောင်အထည်ဖော်နေချိန် တစ်လျှောက်မှာ စီမံကိန်းရဲ့ အကျိုးသက်ရောက်မှုတွေ ကို အစိုးရ မဟုတ်တဲ့ အဖွဲ့ တွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ ဒေါက်တာကံဇော် က သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေကိုတင်ပြရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး တင်ပြရာမှာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးဇုန်စီမံကိန်းမှာ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်လုပ်ကိုင်နိုင်အောင် မြန်မာနိုင်ငံသားများ ယာယီအကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့အဖွဲ့ကို ရှေ့ဆက်ဖွဲ့စည်းသွားမယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တို့မှာ အကောင် အထည်ဖော်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းဆောင်ရွက်မှုတွေကို စတင်လုပ်ကိုင်သွားမှာဖြစ်တဲ့အပြင် သီလ၀ါ အထူး စီးပွားရေးဇုန် နယ်နိမိတ်ကို ပြည်ထောင်စုအစိုးရက အမိန့်ကြေညာစာနဲ့ ထုတ်ပြန်သတ်မှတ်ပေးမှာဖြစ်ပြီး စီမံကိန်းအတွက် မြေဧက ၅၇၈၇ ဒသမ ၇၁၈ ဧက အသုံးပြုသွားမယ်လို့လဲ သိရပါတယ်။

(RFA)

မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းလုပ်ဆောင်တဲ့ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဟာ စီမံကိန်းမစတင်ခင်နဲ့ အကောင် အထည်ဖော်နေချိန် တစ်လျှောက်မှာ စီမံကိန်းရဲ့ အကျိုးသက်ရောက် မှုတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့ တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ ဒေါက်တာကံဇော်က သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေကိုတင်ပြရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး တင်ပြရာ မှာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးဇုန်စီမံကိန်းမှာ မြန်မာလုပ်ငန်းရှင်တွေ ပါဝင် လုပ်ကိုင်နိုင်အောင် မြန်မာနိုင်ငံသားများ ယာယီအကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ကို ရှေ့ ဆက်ဖွဲ့စည်းသွားမယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်နဲ့ ကျောက်တန်းမြို့ နယ် တို့မှာ အကောင် အထည်ဖော်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းဆောင် ရွက်မှုတွေကို စတင်လုပ် ကိုင်သွား မှာဖြစ်တဲ့အပြင် သီလ၀ါ အထူး စီးပွားရေးဇုန် နယ်နိမိတ်ကို ပြည်ထောင်စုအစိုးရက အမိန့် ကြေ ညာစာနဲ့ ထုတ်ပြန်သတ်မှတ်ပေးမှာဖြစ်ပြီး စီမံကိန်းအတွက် မြေဧက ၅၇၈၇ ဒသမ ၇၁၈ ဧက အသုံးပြုသွားမယ် လို့လဲ သိရပါတယ်။

(RFA)

No comments:

Post a Comment