Saturday, February 9, 2013

စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု စတင်နေပြီ


စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု စတင်နေပြီ 
========================================

Saturday, 09 February 2013 13:15

မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှ ထွက်ရှိလာသော စပါးခွံများကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံ အကူအညီဖြင့်

ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့ နယ်နှင့် ညောင်တုန်း မြို့နယ် တို့တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၂-၂-၂၀၁၃ ရက်က လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ စပါးခွံမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နိုင်ငံ၏ နည်းပညာ အကူအညီနှင့် ငွေယန်းသန်း ၁၃၀ ကို အကူအညီ ရယူမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ Bio-Fuel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Bio Tech ကုမ္ပဏီ၊ Tokyo Electric Power ကုမ္ပဏီတို့ ပူးပေါင်းကာ လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုနောက်ပိုင်းမှာ လုပ်နေတာက လယ်ယာ စိုက်ပျိုးရေး ကနေ ရလာတဲ့ ဆန်တစ်မျိုးတည်းကို မကြည့်ဘဲနဲ့ စပါးခွံက နေစပြီး အရိုးထိ အသုံးချလို့ ရအောင်အတွက် စီစဉ် နေပါ တယ်။ နောက်ပြီး စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ကိစ္စတွေ ကိုလည်း ဆောင်ရွက်နေတာ တွေ့ရှိပါတယ် ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးမြင့်လှိုင်က ပြောကြား သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ထွက်ရှိ ကုန်ပစ္စည်း အသုံးချမှုတွင် စပါးပင် ရိုးတံများကို နွားစာအဖြစ် လည်းကောင်း၊ မီးရှို့ပြာချ၍ မြေသြဇာ အဖြစ် လည်းကောင်း၊ စပါးခွံ ကြိတ်ခွဲမှုမှ ထွက်ရှိလာသော စပါးခွံများကို စပါးခွံမီးအဖြစ် လည်းကောင်း၊ အုတ်ဖုတ်ရာတွင် အသုံးပြု၍ လည်းကောင်း အခြေအနေ များမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးမှ ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို ဘယ်ဟာမှ ပစ်စရာ မလိုအောင် ပြန်လည် သုံးစွဲနိုင်မယ် ဆိုရင် လယ်သမားတွေလည်း ဝင်ငွေ တိုးစေတာပေါ့ ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ စီမံကိန်းအတွက် ဂျပန်နှင့် မြန်မာ အစိုးရတို့ ဇန်နဝါရီလ ဒုတိယ အပတ်က သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရပြီး ဧရာဝတီတိုင်း ဒေသကြီး၏ စမ်းသပ်မှု အောင်မြင်ပါက ယင်းဒေသကြီး အတွင်း လျှပ်စ်မီး လိုအပ်သော နေရာကို လျှပ်စစ်ဓာတ်အား ပေးသွားမည့် အပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီးများ တွင်လည်း စီမံကိန်းများ ချမှတ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိလာသော စပါးခွံများ ကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံ အကူ အညီဖြင့်ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်နှင့် ညောင်တုန်း မြို့နယ်တို့တွင်စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၂-၂-၂၀၁၃ ရက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ စပါးခွံမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဂျပန်နိုင်ငံ၏ နည်းပညာအကူအညီနှင့် ငွေယန်းသန်း ၁၃၀ ကို အကူအညီရယူမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ Bio-Fuel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Bio Tech ကုမ္ပဏီ၊ Tokyo Electric Power ကုမ္ပဏီတို့ ပူးပေါင်းကာလုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုနောက်ပိုင်းမှာလုပ်နေတာက လယ်ယာစိုက်ပျိုးရေးကနေရလာတဲ့ ဆန်တစ်မျိုးတည်း ကို မကြည့်ဘဲနဲ့စပါးခွံက နေစပြီးအရိုးထိအသုံးချလို့ ရအောင်အတွက်စီစဉ် နေပါတယ်။ နောက်ပြီးစပါးခွံ ကနေလျှပ်စစ်ဓာတ်အား ထုတ်ဖို့ကိစ္စတွေကိုလည်း ဆောင်ရွက်နေတာ တွေ့ရှိပါတယ်ဟု လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးမြင့်လှိုင်က ပြောကြား သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍထွက်ရှိကုန်ပစ္စည်းအသုံးချမှုတွင် စပါးပင်ရိုးတံများကို နွာ စာအဖြစ် လည်းကောင်း၊ မီးရှို့ပြာချ၍ မြေသြဇာ အဖြစ် လည်းကောင်း၊ စပါးခွံကြိတ်ခွဲမှုမှ ထွက်ရှိလာသော စပါးခွံများကို စပါးခွံမီးအဖြစ်လည်းကောင်း၊ အုတ်ဖုတ်ရာတွင်အသုံးပြု၍ လည်းကောင်း အခြေ အနေများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများလည်း ရှိနေကြောင်းသိရသည်။

လယ်ယာစိုက်ပျိုးရေးမှထွက်ရှိလာတဲ့ ထွက်ကုန်တွေကို ဘယ်ဟာမှပစ်စရာမလိုအောင် ပြန်လည် သုံးစွဲနိုင် မယ်ဆိုရင် လယ်သမားတွေလည်း ဝင်ငွေတိုးစေတာပေါ့ဟု ၎င်းကဆက်လက် ပြောကြားသည်။အဆိုပါ စီမံကိန်းအတွက် ဂျပန်နှင့် မြန်မာအစိုးရတို့ ဇန်နဝါရီလ ဒုတိယအပတ်က သဘောတူလက်မှတ် ရေးထိုး ခဲ့ကြောင်းသိရပြီး ဧရာဝတီတိုင်း ဒေသကြီး၏ စမ်းသပ်မှု အောင်မြင်ပါက ယင်းဒေသကြီး အတွင်း လျှပ်စ်မီး လိုအပ်သော နေရာကိုလျှပ်စစ်ဓာတ်အား ပေးသွားမည့်အပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီးများတွင်လည်းစီမံကိန်းများချမှတ် ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
Golden Land Myanmar

No comments:

Post a Comment