တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသား များသည် စီးပွာရေးမဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူ
များကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့်ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ်အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းကဆိုသည်။
“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူကလေးမတွေ တရုတ်နဲ့ညားတာ အယောက် ၁၀၀ လောက်ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်းများမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်
မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်းတို့တွင် လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြား သည်။
စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေးကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူအမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စားအလုပ်များလုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။
လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ
မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံးလူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ လူကုန် ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရ သည်။
Posted From General Knowledge
No comments:
Post a Comment