Sunday, March 31, 2013

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို



Photo: ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို
Sunday, March 31, 2013

အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်
ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအ
ကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေ
သူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်း
သားများ အဖွဲ့မှ မသက်သက်အောင်က ပြော ကြားသည်။

ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများမှ လုပ်ခလစာ
နည်းပါးခြင်း၊ လူမျိုးအဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ အစားအဟာရ နည်းပါးခြင်းစသည်တို့ကြောင့် တစ်လခွဲကျော်ကြာ ဆန္ဒပြတောင်းဆို
ခဲ့ကြသော်လည်း တစုံတရာ တုံ့ပြန်မှုမရှိသည့်အပြင် အမျိုးသမီးအဆောင် များပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက်ရိုက်နှက်မှုများ
ထိ ပြုလုပ်ခဲ့မှုများကြောင့် ဆက်လက် အလုပ်လုပ်ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများ၏ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ရှင်းလင်းမှုပြု လုပ်စဉ် ပြော ကြားခဲ့ခြင်းဖြစ်သည်။

“အရင်ဆုံး ကာကွယ်ရမယ်၊ ပညာပေးရမယ်၊ သွားတဲ့သူတွေကတော့
အေဂျင်စီတွေတရားဝင်လာ မဝင်လား ဘယ်သိနိုင်မလဲ၊”ဟု ဂျော်ဒန်သို့ သွားရောက်ခဲမှုတွင် တရားမဝင်အေဂျင်စီမှန်း မသိခဲ့သည့် အတွက် ယ
ခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားဝင်အေဂျင်စီများကို အများ သိစေရန် ကြေငြာသင့်ကြောင်း မသက်သက်အောင်က ပြောကြားသည်။

သံရုံးမရှိသည့်နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မှုကို ဆင်ခြင်သင့်
ပြီး၊ အခက်အခဲ ဖြစ်ပါကလည်း အစိုးရတာဝန်ရှိသူများမှ ထိရောက် သည့် 
အကာအကွယ် ပေးသင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမှာ ပြည်တွင်း အလုပ်အကိုင် ရှားပါး
မှုကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအချိန်တွင် အလုပ်အကိုင်ရှား
ပါးရခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ်နေသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု မရှိသောကြောင့် ယခုချိန်ထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိပက္ခများ၊ ပြဿနာ အရှုပ်
အထွေးများကို ပြေလည်အောင် ဖြေရှင်းပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားအရေးနှင့် ပတ်သက်၍ ပြည်ပတွင်သာမက ပြည်တွင်းရှိ အလုပ်သမား များ မှာလည်း အခွင့်အရေး အပြည့်အဝ မရရှိသည့်အပြင် ပြည်ပနိုင်ငံများမှ လာရောက်
လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းများတွင်ပင် မြန်မာလုပ် သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများရှိကြောင်းကို ဥပမာများဖြင့် ဖြည့်စွက်ပြောကြား
သည်။

“အိမ်က မိဘတွေကလည်း စိတ်ပူကြတယ်ပေါ့နော်၊ အဲချိန်မှာသာ လူကြီးတွေ ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အားအ
ရမ်းရှိ သွားပါပြီ၊ အခုကျန်ခဲ့တဲ့ လူဦးရေးကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစုအခက်အခဲတွေ ရှိပါတယ်၊ လူကြီးတွေရောက်လာမှာကို တ
လလောက်စောင့်ခဲ့ပါတယ်၊ မိသားစုအခက်အခဲတွေနဲ့ အလွှဲသာလို့ အလုပ်ပြန်ဆင်းကြတာပါ။”ဟု ဂျော်ဒန်နိုင်ငံတွင် ကျန်ရှိသော အလုပ် 
သမား များ အလုပ်ပြန်လည် ဆင်းကြရခြင်းနှင့် ပတ်သက်၍ ပြန်လည်
ရောက်ရှိလာသူတစ်ဦးဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ လာရောက်ဖြေရှင်းမည့်အချိန်ကို တလကျော်
ကြာ စောင့်ဆိုင်းခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေ ရှင်းခြင်း မရှိခဲ့သောကြောင့် မိသားစု အခြေအနေနှင့် လက်ရှိနေထိုင်ရသော အခက်
အခဲများကြောင့် အလုပ်ပြန်ဆင်းခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိသူများဖြစ်ကြောင်း၊ အလုပ်ပြန်ဆင်းသူများအနေဖြင့်လည်း ယခင်က
ကဲ့သို့ပင် အခွင့်အရေးများ မရရှိကြကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျန်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများအား အခွင့်အရေးများ ရရှိစေရန်
ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် မိမိ
သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အေဂျင်စီတို့ကို စိစစ်သင့်
ပြီး အထူးသဖြင့် မိန်ကလေးများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ရာတွင် ဆင်ခြင်သင့်ကြောင်း၊ တတ်နိုင်သမျှ သွားရောက်
ခြင်း မပြုသင့်ကြောင်းအပြင်ာပည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင် နေ
သူများကိုလည်း အစိုးရ တာဝန်ရှိသူများမှ ထိရောက်သည့် အကာ အ
ကွယ် ပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း၊ လက်ရှိအချိန်ထိ အကာအ
ကွယ်ပေးမှု အလွန်အားနည်းနေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်
လက် ပြောကြားသည်။

လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာလူမျိုး
များနှင့် ကိုက်ညီသည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်
ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံးသတ်ပေးရန်ဆန္ဒပြ
တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့
ကတည်းက ဖြစ်ပြီး ယခုအချိန်တွင် အလုပ်သမားအများစုမှာ မြန်မာနိုင်ငံ
သို့ ပြည်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

ယခုအခါ ဂျော်ဒန်နိုင်ငံတွင် အခြေအနေအရ ဆက်လက်အလုပ်လုပ်ကိုင်နေ
ရသော အလုပ်သမားများမှာ ၉၀၀ ခန့်ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား
များမှာလည်း ယခင်ကကဲ့သို့ အခက်အခဲများ ရှိနေသေးကြောင်းနှင့် မြန်မာ
အစိုးရ တာဝန်ရှိသူများဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ်
ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသူများထံမှ သိရသည်။

ဝေယံ
The Myanma Age
အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မသက်သက်အောင်က ပြော ကြားသည်။
ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများမှ လုပ်ခလစာနည်းပါးခြင်း၊ လူမျိုးအဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ အစားအဟာရ နည်းပါးခြင်းစသည်တို့ကြောင့် တစ်လခွဲကျော်ကြာ ဆန္ဒပြတောင်းဆို
ခဲ့ကြသော်လည်း တစုံတရာ တုံ့ပြန်မှုမရှိသည့်အပြင် အမျိုးသမီးအဆောင် များပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက်ရိုက်နှက်မှုများထိ ပြုလုပ်ခဲ့မှုများကြောင့် ဆက်လက် အလုပ်လုပ်ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများ၏ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ရှင်းလင်းမှုပြု လုပ်စဉ် ပြော ကြားခဲ့ခြင်းဖြစ်သည်။

“အရင်ဆုံး ကာကွယ်ရမယ်၊ ပညာပေးရမယ်၊ သွားတဲ့သူတွေကတော့အေဂျင်စီတွေတရားဝင်လာ မဝင်လား ဘယ်သိနိုင်မလဲ၊”ဟု ဂျော်ဒန်သို့ သွားရောက်ခဲမှုတွင် တရားမဝင်အေဂျင်စီမှန်း မသိခဲ့သည့် အတွက် ယ
ခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားဝင်အေဂျင်စီများကို အများ သိစေရန် ကြေငြာသင့်ကြောင်း မသက်သက်အောင်က ပြောကြားသည်။

သံရုံးမရှိသည့်နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မှုကို ဆင်ခြင်သင့်ပြီး၊ အခက်အခဲ ဖြစ်ပါကလည်း အစိုးရတာဝန်ရှိသူများမှ ထိရောက် သည့် အကာအကွယ် ပေးသင့်ကြောင်း ပြောကြားသည်။ ယခုကဲ့ သို့ ပြင်ပ တွင် သွားရောက် အလုပ်လုပ်ကိုင်ရခြင်းမှာ ပြည်တွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ပြီး မြန်မာ နိုင်ငံ၏ လက်ရှိအချိန်တွင် အလုပ်အကိုင်ရှားပါးရခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ်နေသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု မရှိသောကြောင့် ယခုချိန်ထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိပက္ခများ၊ ပြဿနာ အရှုပ်အထွေးများ ကို ပြေလည်အောင် ဖြေ ရှင်း ပြီး မှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြည်ပတွင်သာမက ပြည်တွင်းရှိ အလုပ်သမား များ မှာလည်း အခွင့်အရေး အပြည့်အဝ မရရှိသည့်အပြင် ပြည်ပနိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းများ တွင်ပင် မြန်မာလုပ် သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများရှိကြောင်းကို ဥပမာများဖြင့် ဖြည့်စွက်ပြောကြားသည်။

“အိမ်က မိဘတွေကလည်း စိတ်ပူကြတယ်ပေါ့နော်၊ အဲချိန်မှာသာ လူကြီးတွေ ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အားအရမ်းရှိ သွားပါပြီ၊ အခုကျန်ခဲ့တဲ့ လူဦးရေးကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစုအခက်အခဲတွေ ရှိပါတယ်၊ လူကြီးတွေရောက်လာမှာကို တလလောက်စောင့်ခဲ့ပါတယ်၊ မိသားစုအခက်အခဲတွေနဲ့ အလွှဲသာလို့ အလုပ်ပြန်ဆင်းကြတာပါ။”ဟု ဂျော်ဒန်နိုင်ငံတွင် ကျန်ရှိသော အလုပ်
သမား များ အလုပ်ပြန်လည် ဆင်းကြရခြင်းနှင့် ပတ်သက်၍ ပြန်လည်ရောက်ရှိလာသူတစ်ဦးဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ လာရောက်ဖြေရှင်းမည့်အချိန်ကို တလကျော်ကြာ စောင့်ဆိုင်းခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေ ရှင်းခြင်း မရှိခဲ့သောကြောင့် မိသားစု အခြေအနေနှင့် လက်ရှိနေထိုင်ရသော အခက်အခဲများကြောင့် အလုပ်ပြန်ဆင်းခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိသူများဖြစ်ကြောင်း၊ အလုပ်ပြန်ဆင်းသူများအနေဖြင့်လည်း ယခင်ကကဲ့သို့ပင် အခွင့်အရေးများ မရရှိကြကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျန်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများအား အခွင့်အရေးများ ရရှိစေရန်
ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အေဂျင်စီတို့ကို စိစစ်သင့်ပြီး အထူးသဖြင့် မိန်ကလေးများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ရာတွင် ဆင်ခြင်သင့်ကြောင်း၊ တတ်နိုင်သမျှ သွားရောက်ခြင်း မပြုသင့်ကြောင်းအပြင်ာပည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင် နေသူများကိုလည်း အစိုးရ တာဝန်ရှိသူများမှ ထိရောက်သည့် အကာ အကွယ် ပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း၊ လက်ရှိအချိန်ထိ အကာအကွယ်ပေးမှု အလွန်အားနည်းနေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်လက် ပြောကြားသည်။

လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာလူမျိုးများနှင့် ကိုက်ညီသည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံးသတ်ပေးရန်ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ကတည်းက ဖြစ်ပြီး ယခုအချိန်တွင် အလုပ်သမားအများစုမှာ မြန်မာနိုင်ငံ သို့ ပြည်လည်ရောက်ရှိနေ ပြီ ဖြစ်ကြောင်း သိရ သည်။

ယခုအခါ ဂျော်ဒန်နိုင်ငံတွင် အခြေအနေအရ ဆက်လက်အလုပ်လုပ်ကိုင်နေရသော အလုပ်သမားများမှာ ၉၀၀ ခန့်ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သားများမှာလည်း ယခင်ကကဲ့သို့ အခက်အခဲများ ရှိနေသေးကြောင်းနှင့် မြန်မာအစိုးရ တာဝန်ရှိသူများဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ်
ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသူများထံမှ သိရသည်။

ဝေယံ
The Myanma Age

No comments:

Post a Comment