Wednesday, September 5, 2012

လွှတ်တော် ကိုခုံရုံးက အစစ်အဆေး မခံ

ခုံရုံးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုံရုံးနှင့်ပတ်သက်၍ ဆောင်ရွက် ခဲ့သည့်ကိစ္စများကို လွှတ်တော်သို့ တင်ပြရာတွင် “စက်တင်ဘာလ ၃ ရက်နေ့ တွင် လွှတ်တော်သို့ လာရောက်အစစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း ခုံရုံးမှ စွပ်စွဲခံရသူ
တစ်ဦးတစ်ယောက်မျှ လာယောက် စစ်ဆေးခံခြင်း မရှိခဲ့ပါ။ ယင်းနေ့တွင် လွှတ်တော်စစ်ဆေးရေးအဖွဲ့အား ကန့်ကွက်ကြောင်း” တရားလွှတ်တော် ချုပ်သို့ စာချွန်တော်ပို့ထားကြောင်း၊ ထို့ကြောင့် စုံစမ်းစစ်ဆေးရေးကို ဆိုင်းငံ့ထားပါရန် ခုံရုံးမှ လွှတ်တော်သို့ စာပြန်လည်ပေးပို့ခဲ့ပါတယ်။ သို့ရာတွင် စွပ်စွဲခံရသူများအပေါ် သဘောထားကြီးစွာဖြင့် စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအား ပြောင်းလဲကာ ထပ်မံဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသည့်အတွက် စွပ်စွဲခံရသူများ၏ အပြုအမူများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ကို မခန့်လေးစားလုပ်သကဲ့သို့ ဖြစ်နေပါတယ်။ ထို့ကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ခံယူသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


“စစ်ဆေးရေးအဖွဲ့ဆိုင်ရာ မေးမြန်းမှု၊ ဖြေကြားမှုများအား ဒီနေ့ဒီအချိန်မှာ အရေးကြီးတဲ့ မေးခွန်း အရေးကြီး တဲ့ဖြေကြားမှုမျိုးဖြစ်ပါတယ်။ မေးမြန်းမှုနဲ့ ဖြေကြားမှု များ ကို လွှတ်တော်ကိုယ်စားလှယ်များ တင်မက နိုင်ငံတ၀ှမ်း လုံးမှာရှိတဲ့ မိဘပြည်သူအားလုံး သိရှိနိုင်ရေးဟာ အင်မတန်မှ အရေးကြီးတဲ့အချိန်အခါ ဖြစ်ပါ တယ်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့လွှတ်တော်ကမေးတဲ့ မေးခွန်းများနဲ့သက်ဆိုင်ရာကော်မရှင်၊ ကော်မတီအဖွဲ့တို့က ဖြေကြားမှု များကို ပြည့်စုံစွာ ဖော်ပြပေးဖို့ကို လွှတ်တော်ကတစ်ဆင့် တိုက်တွန်းပါတယ်။ ဆက်လက်ပြီး လွှတ်တော်ရဲ့ တိုက်တွန်းချက်ကို မျက်ကွယ်ပြုခြင်း၊ အလေးမမူပြုခြင်း မဖြစ်စေရေးကိုလည်း ထပ်လောင်းပြော ဆိုပါ တယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment