“အမေရိကန်သံအမတ်က ရခိုင်အရေးနဲ့ပတ်သက်လို့ ရခိုင်ဒေသခံတွေရဲ့ အမြင်တွေ ထင်ပြချက်တွေကို သိချင်လို့ အခုလို ဆွေးနွေးနေကြတာပါ၊ ဘာ အကြောင်းကို အဓိက ထားဆွေးနွေးလဲဆိုတာတော့ မသိရသေးဘူး။”ဟု ဆွေးနွေး ပွဲသို့ ရောက်နေသည့် ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
ဆွေးနွေးပွဲတွင်
အမေရိကန်သံအမတ်ကြီး Derek Mitchell၊ဗြိတိန်သံအမတ်ကြီး Andrew Heyn, ၊
သြစတေး လျသံအမတ်ကြီး Ms. Bronte Moules တို့နှင့်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးအောင်မြကျော်၊ ဒေါ်အေးနုစိန်
အပါအဝင် ခေါင်းဆောင်အချို့ တက်ရောက်ကြသည်။
အမေရိကန်
သံအမတ်ကြီး ဒဲရစ် မက်ချယ် ( Derek Miitcheel) နှင့်အဖွဲ့သည် ပဋိပက္ခ
ဖြစ်ပွားခဲ့သော ဒေသ များသို့ သွားရောက် လေ့လာခဲ့ပြီးနောက် ယခုလို
ဒေသခံများနှင့် စစ်တွေဟိုတယ်၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မြစ်မခသတင်းဌာန
No comments:
Post a Comment