Friday, November 9, 2012

ဆီးရီးယားကို စွန့်ခွာမည်မဟုတ်ကြောင်း အာဆာ့ဒ်ပြောကြား

ဆီးရီးယားကို စွန့်ခွာမည်မဟုတ်ကြောင်း အာဆာ့ဒ်ပြောကြား

ဆီးရီးယား နိုင်ငံကို စွန့်ခွာထွက်ပြေးရန် မိမိတွင် အစီအစဉ် မရှိဟု သမ္မတ ဘာရှာအာဆာ့ဒ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းလာသည့် (၁၉)လ အတောအတွင်း ပြည်တွင်း စစ်အဖြစ် အသွင်ကူးပြောင်းသွားသလို လူပေါင်း (၃၆၀၀၀)ကျော် သေ
ဆုံးပြီး ဖြစ်သည့်တိုင် အသက်(၄၇)နှစ်ရှိ အာဆာ့ဒ်က ဆက်လက် ရင်ဆိုင်မည်ဟု ပြောဆိုသွားသည်။

အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်သည့် ရုရှား Today-TVနှင့် အင်တာဗျူးတွင် အာဆာ့ဒ်က "ကျွန်တော်က ကြိုးဆွဲရာ ကနေတဲ့ အရုပ်မဟုတ်ဘူး။ ကျွန်တော်ဟာ အနောက်အုပ်စုနဲ့ ဘယ်နိုင်ငံက ခိုင်းတာကိုမှ လိုက်လုပ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဆီးရီးယား နိုင်ငံသားပါ။ ကျွန်တော့်ကို ဆီးရီးယားက ဖန်တီးခဲ့ပါတယ်။ ကျွန်တော် ဆီးရီးယားမှာနေ၊ ဆီးရီးယားမှာပဲ သေပါမယ်"ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment