Monday, November 12, 2012

ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ တောင်းဆို



ထောင်ဒဏ်တစ်သက်တစ် ကျွန်း ကျခံနေရဆဲ လူ့အခွင့် အရေးခေါင်းေ ဆာင် ဦးမြင့်အေး  အပါအဝင် ကျန်ရှိနေတဲ့ နိုင် ငံရေးအကျဉ်းသားတွေ အားလုံး   လွက်မြောက်ဖို့အတွက် နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့နဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ

ဒီကနေ့ နေ့လည်(၁)နာရီက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။


ရွှေပြည်သာမြို့နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းအဆောက်အဦးကို
 ဗုံးဖောက်ခွဲမှုမှာ တရားခံဖြစ်တယ်ဆိုပြီး တရားဥပဒေနဲ့ မညီညွတ်တဲ့
သက်သေခံတွေကို တရားသူကြီးက လက်ခံခဲ့ပြီး ဦးမြင့်အေးကို ပြစ်ဒဏ်
ချမှတ်ခဲတယ်လို့ဦးမြင့်အေးရဲ့ဥပဒေအကျိုးဆောင်ဖြစ်သူ ပြည်ထောင်စု
တရားလွှတ်တော်ချုပ် ရှေ့နေဦးခင်မောင်ရှိန်က ပြောပါတယ်။

လက်ရှိအစိုးရသစ်ရဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများနဲ့
အမေရိကန်သမ္မတအိုဘားမားရဲ့ အလည် အပတ်ခရီးစဉ်တွေကြောင့် ဦးအေးမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွှတ်မြောက်
လာမယ်လို့ ရာနှုန်းပြည့်မျှော်လင့်ထားကြောင်းလည်း ဦးမြင့်အေးရဲ့
ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုထားတဲ့
 ပြည်နယ်နဲ့ တိုင်း ၉ ခုက လူ့အခွင့် အရေးအဖွဲ့ဝင်ရဲ့တွေ လက်
မှတ်ပေါင်း တစ်သောင်းကျော်ကို နိုင်ငံတော်သမ္မတနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့
သိရပါတယ်။

လူ့အခွင့်အရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးမြင့်ဟာ နာဂစ်မုန်
တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဆောင်
ရွက်နေစဉ်  ၂၀၀၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ အာဏာ
ပိုင်တွေရဲ့ ဖမ်းဆီးခံရပြီး (၁၃/ ၅)(၁၇/၁)၊ ဖောက်ခွဲ(၅)ပုဒ်မ
များနဲ့ ထောင်ဒဏ် ၈ နှစ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်
ခံရပြီး ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ
အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။


RFA (မြန်မာပိုင်း)

No comments:

Post a Comment