Thursday, November 29, 2012

ငလျင်ဒဏ်သင့် ပြန်လည် ထူထောင်ရေး ကျပ် သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး

ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကျပ်သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး
Thursday, 29 November 2012

ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သမ္မတရုံးမှ ကျပ်သန်း ၁၀၀၀ အသုံးစရိတ်များ ချထားပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အသုံးပြုရန် သီးသန့်ထားရှိသည့် ဘဏ္ဍာငွေထဲမှ ခွဲဝေချထားပေးခြင်းဖြစ်ပြီး ထိုငွေကြေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ငလျင်ဒဏ်သင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့အား စီမံခန့်ခွဲအသုံးပြုခွင့် ပြုထားသည်ဟု ၎င်းကဆက်ပြောသည်။ 

“ပညာရေး၊ ကျင်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဦးစားပေး ပြန်လည်ပြင်ဆင်သွားမယ်။ တစ်ဆက်တည်းမှာပဲ ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက်ကိုပါ တစ်ပါတည်း ဒီဘဏ္ဍာငွေနဲ့ လုပ်ဆောင်သွားမယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။ 

လူမှု/ကယ်ဆယ်ရေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့က ကျပ်သန်း ၁၀၀၀ အပြင် အလှူရှင်များက လှူဒါန်းသော ငွေကြေးများကို ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကိစ္စတွင် စီမံခန့်ခွဲခွင့်
ပေးထားကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။ 

မန္တလေး စည်ပင်သာယာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက မန္တလေးရှိ သာသနိက အဆောက်အအုံများ ပြင်ဆင်နိုင်ရေး အတွက် ယခုအခါ စီစဉ်နေပြီး မူလအလှူရှင်တို့ထံသို့လည်း ဆက်သွယ်နေကြောင်း
ပြောသည်။ မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှစ်ခုစလုံးက ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတို့ ပြုလုပ်နေကြပြီဟုလည်း အစိုးရအဖွဲ့ တာဝန်ရှိသူ အသီးသီးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment