Thursday, November 29, 2012

လက်ပန်းတောင်းေ တာင်ကိစ္စ ဒေါ်အော င်ဆန်းစုကြည် ဒေသခံများနှင့်တွေ့ဆုံ




ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင်အရေးကို နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။


မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီးဖြစ်ကာ ဒေသခံများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ၊ နှစ်ဦးနှစ်ဘက်ကြား ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြေလည်ရန် ညှိနှိုင်းပေးမည်ဖြစ်ပြီး ဒေသခံပြည်သူများက ထိုသို့ညှိနှိုင်းဆောင်ရွက်ပေးမည်ကို လက်ခံပါမည်လားဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကိုမေးသည်။ ထိုအခါ ဒေသခံများက လက်ခံမည်ဟု ဖြေကြားသည်။

သို့သော် ယနေ့နံနက်အစောပိုင်းက သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး လူစုခွဲခဲ့ခြင်းနှင့်ပတ်သက်ပြီး

ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပြောကြားခဲ့ခြင်း မပြုပေ။

မနက်ဖြန် (နိုဝင်ဘာ ၃၀)နံနက် ၈ နာရီတွင် မုံရွာမြို့ ချင်းတွင်းမြစ်ဘေး သဲသောင်ခုံပေါ်တွင် ဒေသခံများနှင့် တွေ့ဆုံအမှာစကားပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment