
မီးရှို့ခံကျေးရွာများမှ နေအိမ်များကို စည်ပင်သာယာရေးအဖွဲ့က ဆောက်နေပြီဖြစ်ကြောင်း၊ယူအန် အိပ်ခ်ျစီအာရ် ကအောက်တိုဘာလမှ ဒီဇင်ဘာလထိ နေအိမ် ၁၁၁ လုံးကို တည်ဆောက်ပေးမည်ဖြစ်ပြီး ကျန်နေအိမ် ၁၁၁လုံးကို ၂၀၁၃ခုနှစ်မှသာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကဲရ်မြန်မာအဖွဲ့မှာ ယခုအချိန်ထိ တည် ဆောက်မှုမစသေးကြောင်းအောက်တိုဘာလ ၆ရက်နေ့ကပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၏ ခရီးစဉ်တွင် ဒေသခံများနှင့်တွေ့ဆုံစဉ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကပြောကြားသည်။
လက်ရှိတွင်မီးရှို့ခံကျေးရွာများမှ ဒေသခံများကိုသက်ဆိုင်ရာကျေးရွာများတွင် နေရာချပေး ထားပြီးဖြစ်သော် လည်း နေအိမ်များဆောက်လုပ်မပြီးသေးသဖြင့် ယာယီရွက်ဖျင်တဲများဖြင့်သာ နေထိုင်နေရဆဲဖြစ်ကြောင်း လည်းသိရသည်။
From- Banyar Aung
No comments:
Post a Comment