ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့
နေရာ အကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ
အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေ ယာဉ် တွေအားလုံး နီးပါးဟာ
ထူးဆန်းစွာပျောက်ကွယ်သွားတတ်ကြတဲ့ အတွက် မကောင်းဆိုးဝါး သေမင်းတြိဂံ
ဆိုပြီးလည်း သမုတ်ခံထား ရတဲ့ နေရာကြီးပေါ့..။ တော်တော်များများ ကဒီနေရာကို
သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုအဖြစ် သဘောထားကြတယ်လေ..။
ဘာမြူဒါအတွင်း ပျောက်ဆုံးသွားတဲ့ သဘောင်္တွေ လေယာဉ်တွေထဲမှာ ဟိုးလေးတကြော် နာမယ်ကြီး သွားခဲ့ရတဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်..။ US ရဲ့ ဒုတိယသမ္မတဟောင်း Aaron Burr ရဲ့သမီးဖြစ်သူ Theodosia Burr Alston ဟာ South Carolina ကနေ New York မြို့ကို Patriol သဘောင်္နဲ့ လိုက်ပါလာရာမှာ ဘာမြူဒါတြိဂံ အတွင်းပျောက်ဆုံးသွားတယ် ဆိုပြီး လူတော်တော်များများက သဏ္ဍာရီသဖွယ် ပြောဆိုလေ့ ရှိခဲ့တယ်..။ US ရေတပ်ကသဘောင်္တစ်ချို့ ဟာလည်း ဘာမြူဒါတြိဂံ ထဲဝင်ရောက်ပျောက်ကွယ် သွားခဲ့ဖူးတယ်..။ အဲ့ဒီထဲကမှ ဆုံးရှုံးမှု အကြီးမားဆုံးကတော့ 1918 ခုနှစ် မတ်လ 14 ရက်နေ့နောက်ပိုင်း သဘောင်္သား 309 ဦးပါဝင်တဲ့ USS Cyclops ပျောက်ဆုံးသွားမှုပဲဖြစ်တယ်..။ ဒါ့အပြင် US ရေတပ်ပိုင် Flight 19 ဟာလည်း 1945 ခုနှစ် ဒီဇင်ဘာ 5 ရက်နေ့မှာ အဲ့ဒီဘာမြူဒါ နားပျံသန်းရင်ပျောက်ဆုံး သွားခဲ့ပါ တယ်..။ လေယာဉ် ကိုရှာဖွေဖို့ ထွက်ခွါသွားခဲ့တဲ့ လူ 13 ဦးပါ လေယာဉ် ဟာလည်း ထပ်မံပျောက်ဆုံးသွားခဲ့ ပါတယ်..။ Flight 19 ရဲ့ ခေါင်းဆောင်နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ စဉ်က “ကျနော်တို့ ဘယ်ကိုရောက်နေလဲ မသိတော့ပါဘူး” ဆိုပြီးနောက်ဆုံး အကြောင်းပြန်ခဲ့ပါသတဲ့..။ ဒီလိုနဲ့ ဘာမြူဒါတြိဂံ အတွင်း သဘောင်္၊ လေယာဉ်ပျောက်ဆုံးမှုတွေဟာ သတင်းဂျာနယ်တွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။
1975 ခုနှစ်မှာတော့ Arisona Sble University မှ သုတေသနပညာရှင် စာကြည့်တိုက်မှုး Lawrence David Kusche ဟာ The Bermuda Triangle Mystrey Solved ဆိုတဲ့စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ပြီး ဘာမြူဒါတြိဂံ ဖြစ်ရပ်တွေဟာ သဘာဝလွန် ဖြစ်ရပ်တွေမဟုတ်ပဲ ထူးခြားဆန်းကြယ်မှုတွေကို ယုံကြည် ချင်သူတွေရဲ့ ချဲ့ကားမှုသာဖြစ်တယ်..။ စာရေးဆရာတော်တော်များများဟာ ဂမ္ဘီရဆန်ဆန် ချဲ့ကားရေး လိုတာ နဲ့ ပျောက်ဆုံးမှုတော်တော်များများဟာ ရာသီဥတု ဆိုးဝါးပြင်းထန်နေတဲ့ အချိန်မှာဖြစ်ခဲ့ တယ်ဆိုတဲ့ အချက်ကိုထိန်ချန် ထားခဲ့ကြတယ်လို့ ရေးသားထားခဲ့ပါတယ်..။ ဒါပေမဲ့ ပြသနာက သူဘယ်လိုဖြေရှင်းချက် ထုတ်ထုတ်.. သဘာဝလွန်လျှို့ဝှက်ဆန်းကြယ်တွေကို ယုံကြည်ချင်နေကြတဲ့ လူတွေရဲ့စိတ်ကြောင့် လို့ပဲဆို ရ မလား.. ဘာမြူဒါတြိဂံဟာ ဆန်းကြယ်ကြောက်မက် ဖွယ်ကောင်း တဲ့ နေရာတစ်ခုအဖြစ် လူတော်တော်များများက ယုံကြည်လက်ခံထားဆဲဖြစ်ပါတယ်...။
From : Linn Khine

No comments:
Post a Comment