Friday, February 8, 2013

မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆို

Photo: မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆို
Friday, February 08, 2013

မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ လမ်းညွှန်ချက် များကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေးနှင့် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက် များအား အာဏာရ အလုပ်သမား ပါတီ အစည်းအဝေး တစ်ရပ်တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်းနှင့် အဆိုပါ လမ်းညွှန်ချက် များမှာ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှု တစ်ရပ်ကို အချိန်မရွေး လုပ်ဆောင်ရန် အသင့် ရှိသည်ဟူသော အရိပ် လက္ခဏာ ပြသလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာန က ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။ 

ကင်ဂျုံအွန်သည် အလုပ်သမား ပါတီ၏ ဗဟို စစ်ကော်မရှင် အစည်းအဝေး တစ်ရပ်တွင် အဆိုပါ မိန့်ခွန်းကို ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည့် နေ့ရက် အချိန်ကိုမူ ၎င်းသတင်း ဌာနက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။ 

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပါတီနှင့် စစ်ဘက် အဆင့်မြင့် ခေါင်းဆောင်များသည် ကင်ဂျုံအွန်က ချမှတ်ပေးသော စစ်ရေး တာဝန်များအား တိတိကျကျ လိုက်နာ အကောင်အထည်ဖော်
ဆောင်ရွက်သွားမည့် ၎င်းတို့၏ ရပ်တည်ချက် သဘောထား များကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း KCNA သတင်း ဌာနက ပြောကြား ခဲ့ပါသည်။

ကင်ဂျုံအွန်၏ အဆိုပါ လမ်းညွှန်ချက် များမှာ နျူကလီးယား စမ်းသပ်ရေးကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် မြောက်ကိုရီးယား အနေဖြင့် မကြာမီ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရေး ပြင်ဆင် ဆောင်ရွက်မှု အဆင့်များ အပြီးသတ် ဆောင်ရွက် သွားနိုင်ဖွယ် ရှိကြောင်း
တောင်ကိုရီးယား နိုင်ငံ ပုဂ္ဂလိကပိုင် Sejong တက္ကသိုလ်မှ သုတေသီ 
Hong Hyun-ik က ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် အလုပ်သမား ပါတီ အစည်းအဝေး ကျင်းပခြင်းမှာ အနောက် အုပ်စုကို ဖိအား ပေးရန်နှင့် ၎င်း၏ ပြည်သူများကို စည်းရုံးရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း Hongက ပြောကြား 
ခဲ့သည်ဟု သိရှိရ ပါသည်။

http://bit.ly/14WGWoE
မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန် ချက်များကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေးနှင့် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက်များအားအာဏာရ အလုပ်သမား ပါတီ အစည်းအဝေးတစ်ရပ်တွင်ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် အဆိုပါလမ်းညွှန်ချက်များမှာ မြောက် ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှု တစ်ရပ်ကို အချိန်မရွေး လုပ်ဆောင်ရန် အသင့် ရှိသည် ဟူသောအရိပ် လက္ခဏာ ပြသလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။

ကင်ဂျုံအွန်သည် အလုပ်သမား ပါတီ၏ဗဟိုစစ်ကော်မရှင်အစည်းအဝေးတစ်ရပ်တွင် အဆိုပါမိန့်ခွန်း ကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အစည်းအဝေးကျင်းပခဲ့သည့် နေ့ရက်အချိန်ကိုမူ ၎င်းသတင်း ဌာနကထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပါတီနှင့်စစ်ဘက်အဆင့်မြင့် ခေါင်းဆောင်များသည် ကင်ဂျုံအွန်ကချမှတ်ပေးသော စစ်ရေးတာဝန်များအား တိတိကျကျလိုက်နာအကောင် အထည်ဖော်ဆောင် ရွက်သွားမည့် ၎င်းတို့၏ ရပ်တည်ချက် သဘောထားများကိုထုတ်ဖော် ပြောကြားခဲ့ကြောင်း KCNA သတင်း ဌာနက ပြောကြား ခဲ့ပါသည်။

ကင်ဂျုံအွန်၏ အဆိုပါ လမ်းညွှန်ချက်များမှာ နျူကလီးယား စမ်းသပ်ရေးကိုရည်ညွှန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် မြောက်ကိုရီးယား အနေဖြင့်မကြာမီ နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရေး ပြင် ဆင် ဆောင်ရွက်မှု အဆင့်များ အပြီးသတ် ဆောင်ရွက်သွားနိုင်ဖွယ် ရှိကြောင်းတောင်ကိုရီးယား နိုင်ငံ ပုဂ္ဂလိကပိုင် Sejong တက္ကသိုလ်မှ သုတေသီ Hong Hyun-ik က ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် အလုပ်သမား ပါတီ အစည်းအဝေး ကျင်းပခြင်းမှာ အနောက် အုပ်စုကို ဖိအား ပေးရန်နှင့် ၎င်း၏ ပြည်သူများကိုစည်းရုံးရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း Hongက ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။


မြ၀တီ

No comments:

Post a Comment