ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ တရားမ၀င်သစ်များဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊သစ်တော ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်း တို့သည် ဖေဖော်ဝါရီ(၄)ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ်
များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး
ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့်နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။
ဟိန်းသစ္စာExpress သည် အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီးနောက်ယောက်ခံလိုက်ခံရသော ကားမှာ ခရီးသွားကားများ ရှုပ်ထွေးလျက်
ရှိသောကြောင့် အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော်
လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊ သစ်တော်ဦးစီးဌာန၊လက်ထောက်
ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့်
ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိတို့ထံလမ်းမှ စောင့်ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်းသိရသည်။
ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊ပဲခူးခရိုင်၊သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး၊ဦးစီးအရာရှိတို့ ဦးဆောင်သောအဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ် ဧရိယာ အတွင်းမှ ဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅)
အချိန်တွင် အမြန်လမ်းမကြီး မိုင် တိုင်(၅၆)မိုင် တိတိတွင် ယာဉ်အ မှတ်
၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အားဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိပြီး (၁၅)မိနစ်ခန့် အကြာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်လွင်ရောက်ရှိလာပြီး အနီးကပ်စစ်ဆေးမှုများပြုလုပ်ကာ ဆက်လက်ဆောင်ရွက်ရမည့်
လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်အဖွဲ့အား ညွှန်ကြားခဲ့သည်။
အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်းတာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား (၉၀)ချောင်း (၆.၂၁၀၈)တန် အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိသော ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ်
ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား
ထားကြောင်းသိရှိရသည်။
မောင်ဘုန်း(ဥပဒေ)
The Hot News
No comments:
Post a Comment