
''ဖုန်းပျောက်သွားလို့ ရွှေဂုံတိုင်ရုံးမှာ ကိုယ်တိုင်သွားလုပ်ဖြစ်တယ်။ ဖုန်းဆင်းကတ် အသစ်ပြန်ထုတ်ပေး တာရော၊အင်တာနက် လျှောက်တာအတွက်ပါ နေ့ချင်းပြီး အမြန်စနစ် ဖြစ်လာတယ်။ရက်အကြာကြီး မစောင့် ရတော့လို့ အဆင်ပြေတယ်။ဆင်းကတ်ပျောက်တာအတွက်လည်း သတ်မှတ်ထားတဲ့အတိုင်း ကျပ်နှစ်သောင်းပေးရတယ်''ဟု ရန်ကုန်မြို့တွင် ဆင်းကတ်ပျောက်၍ သွားရောက်ခဲ့ရသူ တစ်ဦး က ပြန်လည်ပြောပြခဲ့ သည်။
လက်ရှိ သတ်မှတ်ထားသော နှုန်းထားအရ မိုဘိုင်းဖုန်းဆင်းကတ် ပျက်စီးခြင်းများအတွက် အခမဲ့ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးခြင်းများအတွက်မူ ကျပ်နှစ်သောင်း သတ်မှတ်ထားသည်။မကြာမီကာလအတွင်း ဖုန်းဆင်းကတ်များကို ဈေးနှုန်းလျှော့ချ၍ ရောင်းချရန်စီစဉ်လျက်ရှိရာ ယခုသတ်မှတ် ထားသော နှုန်းထား များမှာ ပြန်လည် ပြင်ဆင်ဖွယ်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - mmtimes.com
Eleven Media Group
No comments:
Post a Comment