Tuesday, February 19, 2013

တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်

Photo: တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်
Tuesday, February 19, 2013

တိုင်းရင်းဆေးခန်းဖြင့်ဆေးကုရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ
ဆေးကုသသူများကို ယခင်  သတ်မှတ်ထားသည့်ဒဏ်ကြေး  ထက်(၁၀)ဆတိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း 
တိုင်းရင်းဆေးကောင်စီမှသိရသည်။

ဆေးကုသခွင့်မရှိဘဲ ဆေး ကုသသူများကို ယခင်ကပေးဆောင်   ရသောဒဏ်ငွေမှာ ငွေ(၁၀၀၀၀) ဖြစ်ပြီး၊ယခုအခါ တိုင်းရင်းဆေး   ကုသခွင့်မှတ်ပုံတင်မရှိဘဲ ဆေးဝါး    ကုသူမှုများပပျောက်စေရေး
အတွက်  ဆေးကောင်စီဥပဒေကိုပြင်ဆင် သတ်မှတ်လိုက်ပြီဖြစ်ရာ 
ယခင် ဒဏ်ကြေးကျပ်တစ်သိန်းဖြစ်ကြောင်း ဆေးကောင်စီ၏ 
ထုတ်ပြန်ချက် အရသိရသည်။

ယင်းသို့တိုင်းရင်းသားဆေး ဥပဒေကို ပြင်ဆင်ရာတွင်နိုင်ငံခြားတိုင်းပြည်
တစ်ခုခုမှ တိုင်းရင်း ရိုးရာဆေးပညာအား အသုံးပြု ကုသသည့်
ဆေးဆရာများကို  ကုသခွင့်မှတ်ပုံတင်ထုတ်ပေးရာတွင် တိုင်းရင်းရိုးရာဆေးပညာ အတွက်လိုအပ်သည့်လက်မှတ်၊ ကုသမည့် ဆေးဆရာများ၏ အရည် အချင်းများကို တိုင်းရင်းဆေး ပညာဦးစီးဌာနကစိစစ်၍ကျန်းမာ ရေးဝန်ကြီးဌာနသို့တင်ပြပြီး 
ထောက်ခံချက်ပေးခြင်းပြီးမှသာထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း
ချက်အား(၂၀၁၃)ခုနှစ်၊ဇန်န၀ါရီတတိယ အပတ်တွင်ထုတ်ပြန်
ကြေငြာထားခြင်းဖြစ်ကြောင်းသိရ သည်။

ဓာတ်ပုံ - (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံကို
နေပြည်တော်တွင် ကျင်းပရာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မိန့်ခွန်း
ပြောကြားနေပုံ

ယဉ်ပပထွန်း
The Hot Newsတိုင်းရင်းဆေးခန်းဖြင့်ဆေးကုရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ ဆေး ကုသသူများကို ယခင်သတ်မှတ်ထားသည့်ဒဏ်ကြေး ထက်(၁၀)ဆ တိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း တိုင်းရင်းဆေးကောင်စီ မှ သိရသည်။ ဆေးကုသခွင့်မရှိဘဲ ဆေးကုသသူများကို ယခင်ကပေးဆောင် ရသော ဒဏ်ငွေမှာ ငွေ(၁၀၀၀၀) ဖြစ်ပြီး၊ယခုအခါ တိုင်းရင်းဆေး ကုသခွင့်မှတ်ပုံတင်မရှိဘဲ ဆေးဝါး ကုသူမှုများ ပပျောက်စေရေးအတွက် ဆေးကောင်စီဥပဒေကိုပြင်ဆင် သတ်မှတ်လိုက်ပြီဖြစ်ရာ ယခင် ဒဏ်ကြေး ကျပ်တစ်သိန်းဖြစ်ကြောင်း ဆေးကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။

ယင်းသို့တိုင်းရင်းသားဆေး ဥပဒေကို ပြင်ဆင်ရာတွင်နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှ တိုင်းရင်း ရိုးရာဆေး ပညာအား အသုံးပြု ကုသသည့် ဆေးဆရာများကို ကုသခွင့်မှတ်ပုံတင်ထုတ်ပေးရာတွင် တိုင်းရင်း ရိုးရာဆေးပညာ အတွက်လိုအပ်သည့်လက်မှတ်၊ ကုသမည့် ဆေးဆရာများ၏ အရည်အချင်းများကို တိုင်းရင်းဆေး ပညာဦးစီးဌာနကစိစစ်၍ကျန်းမာ ရေးဝန်ကြီးဌာနသို့တင်ပြပြီး ထောက်ခံ ချက်ပေးခြင်းပြီးမှ သာထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းချက်အား (၂၀၁၃) ခုနှစ်၊ ဇန်န၀ါရီ တတိယ အပတ်တွင်ထုတ်ပြန် ကြေငြာထားခြင်းဖြစ်ကြောင်းသိရ သည်။

ဓာတ်ပုံ - (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံကို နေပြည်တော်တွင် ကျင်းပရာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မိန့်ခွန်း ပြောကြားနေပုံ

ယဉ်ပပထွန်း
The Hot News

No comments:

Post a Comment