Tuesday, February 19, 2013

ဘရာဇီးနိုင်ငံ မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံး ပွဲ တိုက်ရိုက် ထုတ်လွှင့် ပြသခွင့် Sky Net ရုပ်သံလိုင်း ရရှိ

Photo: ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် Sky Net ရုပ်သံလိုင်း ရရှိ
Tuesday, February 19, 2013

ပြည်တွင်းရုပ်သံလိုင်းတခုဖြစ်တဲ့ Sky Net ချန်နယ်ကနေ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲအပြင် FIFAက ပြုလုပ်မယ့် အခြားဘောလုံးပွဲတွေကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် ရရှိသွားပါတယ်။

FIFAက ပြုလုပ်မယ့်ဘောလုံးပွဲတွေကို ပြသခွင့်ရဖို့ ပြည်တွင်းရုပ်သံလိုင်းတွေ အပြိုင်ကြိုးစားခဲ့ကြပြီး Sky Net က အခုလို ပြသခွင့်ရရှိခဲ့တာလို့ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အခုလို ပြသခွင့်ရရှိတဲ့အတွက် လာမယ့်ကမ္ဘာဖလားဘောလုံးပွဲ ၆၄ ပွဲနဲ့ အခြား FIFAက ပြုလုပ်မယ့် ၂၀၁၃ FIFA U20 နဲ့ U17 စတဲ့ ကမ္ဘာ့
ဖလားပွဲစဉ်တွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲထဲက အနည်းဆုံး ၂၂ ပွဲကို အခမဲ့ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့လည်း ဆိုပါတယ်။

အခုလို FIFAက ပြုလုပ်တဲ့ပွဲစဉ်တွေ ထုတ်လွှင့်ပြသခွင့်ရဖို့ သုံးစွဲခဲ့တဲ့
ငွေကြေးပမာဏကိုတော့ နှစ်ဖက်သဘောတူညီထားချက်တွေအရ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပါဘူး။

DVB TV News ပြည်တွင်းရုပ်သံလိုင်းတခုဖြစ်တဲ့ Sky Net ချန်နယ်ကနေ ဘရာဇီးနိုင်ငံ မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲအပြင် FIFA က ပြုလုပ် မယ့် အခြားဘောလုံးပွဲတွေကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် ရရှိသွားပါ တယ်။ FIFAက ပြုလုပ်မယ့်ဘောလုံးပွဲတွေကို ပြသခွင့်ရဖို့ ပြည်တွင်း ရုပ်သံ လိုင်းတွေ အပြိုင်ကြိုးစားခဲ့ကြပြီး Sky Net က အခုလို ပြသခွင့်ရရှိခဲ့တာ လို့ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အခုလို ပြသခွင့်ရရှိတဲ့အတွက် လာမယ့်ကမ္ဘာဖလားဘောလုံးပွဲ ၆၄ ပွဲနဲ့ အခြား FIFAက ပြုလုပ်မယ့် ၂၀၁၃ FIFA U20 နဲ့ U17 စတဲ့ ကမ္ဘာ့ ဖလားပွဲစဉ်တွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲထဲက အနည်းဆုံး ၂၂ ပွဲကို အခမဲ့ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသ သွားမယ်လို့ လည်း ဆိုပါတယ်။

အခုလို FIFAက ပြုလုပ်တဲ့ပွဲစဉ်တွေ ထုတ်လွှင့်ပြသခွင့်ရဖို့ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏကိုတော့ နှစ်ဖက် သဘောတူညီထားချက်တွေအရ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပါဘူး။

DVB TV News

No comments:

Post a Comment