Tuesday, October 9, 2012

OIC အလို မရှိကြောင်း ရဟန်းတော်များ စစ်တွေတွင် ဆန္ဒပြတောင်းဆို

စစ်တွေတွင် ရဟန်းတော် အပါး ၇၀၀ ခန့်က ယနေ့ နေ့လည် ၂ နာရီကျော် က စစ်တွေမြို့ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့သို့ သွားရောက်ပြီး OIC ကို အ လို မရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို ခဲ့ကြသည်ဟု သတင်း ရရှိသည်။ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို မြန်မာနိုင်ငံ တွင်လည်း အလိုမရှိကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း အလိုမရှိေ ကြာင်း တောင်း ဆို ဆန္ဒပြခဲ့ကြသည်ဟု မျက်မြင် တစ်ဦးက ဆိုသည်။

“ သူတို့တောင်းဆိုတာက OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊ ရခိုင်ပြည်နယ် အတွက်လည်း အလို မရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေ ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု ဗုဒဘာသာဝင်တွေကို ကာကွယ်ပေးပါ၊ (၅) တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီး အား ထောက်ခံအပ်ပါသည် ဆိုပြီး အချက် ၅ ချက် တောင်းဆိုတာကို တွေ့ရပါတယ်” ဟု သူက ပြောသည်။

ရဟန်းတော်များသည် ကျောင်းတိုက် အသီးသီးမှ စုဆုံပြီး ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံးသို့ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သူက ပြောသည်။

“ နေ့လည် ၂ နာရီခွဲမှာ စပြတာပါ။ ရဟန်းတော်က ၇၀၀ ကနေ ၁၀၀၀ ထိရှိမယ် ထင်ပါတယ်။ လုံခြုံရေးတွေကတော့ လမ်းဆုံတွေကို ပိတ်ထားပြီး လူတွေကို ၀င်ခွင့် မပေးဘူး။ ရဟန်းတော်တွေကိုဘဲ ၀င်ခွင့်ပြုပါတယ်။ ဒီအထက် အပြင် ဘာမှတော့ နှောင့်ယှက်ဟန့်တားတွေ လုပ်တာ မတွေ့ရပါဘူး” ဟု သူက ဆိုသည်။

မည်သည့် အတွက်ကြောင့် OIC ကို အလိုမရှိကြောင်း ဆန္ဒပြ တောင်းဆိုရပါသလဲ ဟု မေးမြန်းရာ ဦးဆောင် လူပ်ရှားသူ ရဟန်းတော် တစ်ပါးကို မေးကြည့်ပါဟု ဆိုကာ ဖုံးနံပတ်ပေးပြီး ဖုံးချသွားခဲ့သည်။
ဆန္ဒပြပွဲကို နေ့လည် ၃ နာရီခွဲခန့်တွင် ရုတ်သိမ်းပြီး ရဟန်းတော်များမှာ ကျောင်းတိုက် အသီးသီးသို့ ပြန်ကြွ သွားခဲ့ကြသည်ဟု သူက ပြောဆိုသွားသည်။

(ထူးခြားမူများအား ဆက်လက်ပြီး တင်ပြပေးသွားပါမည်။)





From- နိရဉ္စရာသတင်း

No comments:

Post a Comment