Monday, April 1, 2013

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 ကြောင့် တရုတ်တွင် လူ ၂ ဦးသေဆုံး

Photo: ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 ကြောင့် တရုတ်တွင် လူ ၂ ဦးသေဆုံး
Monday, April 1, 2013 

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ
ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် လူ(၂)ဦး သေဆုံးခဲ့ကြောင်း
နိုင်ငံ၏ အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ တုပ်ကွေး
မျိုးကွဲသည် ယခင်က လူများတွင် ဖြစ်ပေါ်သည်ကို မတွေ့ရှိရသေးဟုလည်း ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ
ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ၎င်းတို့သည် ဖေဖော်ဝါရီလက စတင်နာမကျန်း ဖြစ်လာပြီးနောက် သီတင်းပတ် အနည်းငယ်မျှအကြာတွင် ကွယ်လွန်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသမီး တစ်ဦးမှာလည်း ထိုဗိုင်းရပ်စ်ကြောင့် အပြင်းအ
ထန် နာမကျန်း ဖြစ်နေကြောင်း သိရသည်။ သေဆုံးသူ အမျိုးသား နှစ်ဦးလုံး
မှာ ရှန်ဟိုင်းမှဖြစ်ပြီး နာမကျန်းဖြစ်နေသော အမျိုးသမီးမှာမူ အရှေ့ပိုင်းဒေသ အန်ဟွိုင်ရှိ ချန်ဇူးမှဟု သတင်းများက ဆိုသည်။ 

တရုတ် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံရေးရာ ကော်မရှင်က
 အဆိုပါ လူနာ(၃)ဦးလုံးသည် ဖျားနာလာပြီးနောက် ကိုယ်အပူချိန် မြင့်
တက်လာကာ ချောင်းလည်း ဆိုးလာခဲ့ကြောင်း၊ ထို့နောက်တွင် နမိုးနီး
ယား ဝေဒနာကို ဆိုးရွားစွာ ခံစားလာရကြောင်း ပြောကြားခဲ့ကြသည်။

နောက်ဆုံး ဖော်ထုတ် တွေ့ရှိချက်အရ အဆိုပါ တုပ်ကွေးသည် ယခင်က လူတွင် ကူးစက်ခြင်း မရှိသည့် ကြက်ငှက်တုပ်ကွေး အနွယ် H7N9 ဗိုင်း
ရပ်စ်ကြောင့်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတုပ်ကွေး အနွယ်အတွက် တိကျသော ကာကွယ်ဆေး မရှိသေးဟုလည်း ကော်မရှင်က ဆိုသည်။ 

ကမ္ဘာပေါ်တွင် လူကို ကူးစက်မှု အများဆုံး ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်
မှာ H5N1 မျိုးနွယ်ဖြစ်ပြီး (၂၀၀၃)ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် ယင်း
ဗိုင်းရပ်စ်ကြောင့် လူပေါင်း (၃၆၀)ကျော်နှင့် သန်းပေါင်းများစွာသော ကြက်ငှက်များ သေကြေပျက်စီးခဲ့ပြီး ဖြစ်သည်။

Source: BBC
Planet Myanmar Network
ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် လူ(၂)ဦး သေဆုံးခဲ့ကြောင်းနိုင်ငံ၏ အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ တုပ်ကွေးမျိုးကွဲသည် ယခင်က လူများတွင် ဖြစ်ပေါ်သည်ကို မတွေ့ရှိရသေးဟုလည်း ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ၎င်းတို့သည် ဖေဖော်ဝါရီလက စတင်နာမကျန်း ဖြစ်လာပြီးနောက် သီတင်းပတ် အနည်းငယ်မျှအကြာတွင် ကွယ်လွန်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသမီး တစ်ဦးမှာလည်း ထိုဗိုင်းရပ်စ်ကြောင့် အပြင်းအထန် နာမကျန်း ဖြစ်နေကြောင်း သိရသည်။ သေဆုံးသူ အမျိုးသား နှစ်ဦးလုံးမှာ ရှန်ဟိုင်းမှဖြစ်ပြီး နာမကျန်းဖြစ်နေသော အမျိုးသမီးမှာမူ အရှေ့ပိုင်းဒေသ အန်ဟွိုင်ရှိ ချန်ဇူးမှဟု သတင်းများက ဆိုသည်။

တရုတ် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံရေးရာ ကော်မရှင်ကအဆိုပါ လူနာ(၃)ဦးလုံးသည် ဖျားနာလာပြီးနောက် ကိုယ်အပူချိန် မြင့်တက်လာကာ ချောင်းလည်း ဆိုးလာခဲ့ကြောင်း၊ ထို့နောက်တွင် နမိုးနီးယား ဝေဒနာကို ဆိုးရွားစွာ ခံစားလာရကြောင်း ပြောကြားခဲ့ကြသည်။

နောက်ဆုံး ဖော်ထုတ် တွေ့ရှိချက်အရ အဆိုပါ တုပ်ကွေးသည် ယခင်က လူတွင် ကူးစက်ခြင်း မရှိသည့် ကြက်ငှက်တုပ်ကွေး အနွယ် H7N9 ဗိုင်းရပ်စ်ကြောင့်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတုပ်ကွေး အနွယ်အတွက် တိကျသော ကာကွယ်ဆေး မရှိသေးဟုလည်း ကော်မရှင်က ဆိုသည်။

ကမ္ဘာပေါ်တွင် လူကို ကူးစက်မှု အများဆုံး ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မှာ H5N1 မျိုးနွယ်ဖြစ်ပြီး (၂၀၀၃)ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် ယင်းဗိုင်းရပ်စ်ကြောင့် လူပေါင်း (၃၆၀)ကျော်နှင့် သန်းပေါင်းများစွာသော ကြက်ငှက်များ သေကြေပျက်စီးခဲ့ပြီး ဖြစ်သည်။

Source: BBC
Planet Myanmar Network

No comments:

Post a Comment