Monday, April 1, 2013

နွမ်းပါးသက်ကြီးရွယ်အိုများကို နေအိမ်အရောက်ကူညီစောင့်ရှောက်ခြင်း(၃) နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်



Photo: နွမ်းပါးသက်ကြီးရွယ်အိုများကို နေအိမ်အရောက်ကူညီစောင့်ရှောက်ခြင်း(၃)
နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်
Monday, April 1, 2013 

ကလေးမြို့၊ ” ကာယကံမေတ္တာ လူမှုကူညီသူများ “က ဆင်းရဲနွမ်းပါးသက်ကြီး
ရွယ်အိုများကို နေအိမ်အရောက် ကူညီစောင့်ရှောက်ခြင်း (၃) နှစ်ပြည့် အထိမ်း
အမှတ်အဖြစ် ဧပြီလ ၄ရက်နေ့နှင် ၅ရက်နေ့များတွင် စာပေဟောပြောပွဲ ကျင်း
ပမည်ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ရုံးမှ မသန်းသန်းက ပြောကြား
သည်။

ဟောပြောမည့် စာရေးဆရာများမှာ ဦးဘုန်း(ဓါတု)နှင့် ဆရာဦးလှသောင်း
(သဘာဝပတ်ဝန်းကျင်) တို့ဖြစ်ပြီး ကလေးမြို့၊ အောင်မင်္ဂလာဇာတ်ရုံ ရှေ့
တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မှီခိုရာကင်းမဲ့ပြီး ဆင်းရဲနွမ်းပါးလွန်းလှသည့် သက်ကြီးရွယ်အိုများကို နေအိမ်
အရောက် ကူညီစောင့်ရှောက်ခြင်းအား “ကာယကံမေတ္တာ လူမှု ကူညီသူများ “က ၂၀၁၁ခုနှစ် မတ်လ ၈ရက် မှစပြီးဆောင်ရွက်ခဲ့ရာ ယခု  ၂၀၁၃၊မတ်လ
တွင် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ စောင့်ရှောက်ထား သည့် နွမ်းပါးသက်ကြီး
ရွယ်အို အယောက်(၂၀)ရှိကြောင်း၊ မျက်စိခွဲစိတ်ကုသမှုများ ပေးခဲ့ကြောင်း၊

လစဉ် ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆား၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးအ
စားအစာများ၊ ဆေးဝါးများ၊မှုန့်များကို လစဉ်လှူဒါန်းပေးခြင်း၊ အဖိုးအဖွားများ
၏ နေအိမ်အရောက် ကျန်း မာ ရေးစောင့်ရှောက်မှုများကို (၁၅)ရက်တစ်ကြိမ် သွားရောက် စစ်ဆေး ကုသပေးခြင်း၊ ရာသီဥတုနှင့် လုံခြုံမှုအရ နေထိုင်ရန် မသင့်တော့သည့် အဖိုးအဖွားတို့၏ နေအိမ်များကို အသစ်ပြုပြင်ဆောက်
လုပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးများ
ကို ကာယ ကံမေတ္တာမှ အကျိုးဆောင်လူငယ်များက တစ်ပတ်တစ်ကြိမ် သွားရောက်ကုသိုလ်ယူပေးကြခြင်းတို့ဖြင့် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိ
ရသည်။

” လူဆိုတာ အသက်အရွယ်အိုမင်းလာရင် ကိုယ်ကျင်လည်နေထိုင်ခဲ့တဲ့
 နေရာ၊ ပတ်ဝန်းကျင်မှာပဲ အသားကျပြီး နေထိုင်ချင်ကြတာ။ ဘိုးဘွား ရိပ်သာမှာထားတဲ့ သက်ကြီးတွေမှာ စိတ်အနာတရ ဖြစ်စေတတ်မှုတွေ ရှိတယ်လို့ လေ့လာသူတွေက ပြောတယ်။ ဒါကြောင့် သူတို့ အသားကျ ပြီးသား နေအိမ်လေးတွေမှာပဲ စိတ်ချမ်းသာအောင်နေနိုင်ဖို့ ကူညီစောင့်
ရှောက်နေတာပါ “ဟု ကာယကံမေတ္တာ လူမှုကူညီသူများ၏ ဦးဆောင် ဆရာတော်က မိန့်ကြားသည်။

အဖိုးအဖွားများကို လစဉ်အလှူရှင်များက မိမိတို့တတ်နိုင်သည့်ဖက်မှ ပါဝင်လှူဒါန်းလျက်ရှိသောကြောင့် ဆက်သွယ်လှူဒါန်းလိုပါက ကလေး
မြို့၊ ကာယကံမေတ္တာ လူမှုကူညီသူများရုံး၊ (ဖုန်း-၀၇၃-၂၁၀၉၄/ ၀၉- ၄၇၀၇၃၄၆၆/ ၀၉၄၀၀၄၅၈၁၉၉)သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age
http://themyanmaage.com
ကလေးမြို့၊ ” ကာယကံမေတ္တာ လူမှုကူညီသူများ “က ဆင်းရဲနွမ်းပါးသက်ကြီး ရွယ်အိုများကို နေအိမ် အရောက် ကူညီစောင့်ရှောက်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလ ၄ရက်နေ့နှင် ၅ရက်နေ့များတွင် စာပေဟောပြောပွဲ ကျင်းပမည်ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ရုံးမှ မသန်းသန်းက ပြောကြားသည်။
ဟောပြောမည့် စာရေးဆရာများမှာ ဦးဘုန်း(ဓါတု)နှင့် ဆရာဦးလှသောင်း(သဘာဝပတ်ဝန်းကျင်) တို့ဖြစ်ပြီး ကလေးမြို့၊ အောင်မင်္ဂလာဇာတ်ရုံ ရှေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မှီခိုရာကင်းမဲ့ပြီး ဆင်းရဲနွမ်းပါးလွန်းလှသည့် သက်ကြီးရွယ်အိုများကို နေအိမ်အရောက် ကူညီစောင့်ရှော က်ခြင်း အား “ကာယကံမေတ္တာ လူမှု ကူညီသူများ “က ၂၀၁၁ခုနှစ် မတ်လ ၈ရက် မှစပြီးဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၃၊မတ်လတွင် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ စောင့်ရှောက်ထား သည့် နွမ်းပါးသက်ကြီးရွယ်အို အယောက်(၂၀)ရှိကြောင်း၊ မျက်စိခွဲစိတ်ကုသမှုများ ပေးခဲ့ကြောင်း၊ လစဉ် ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆား၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးအစားအစာများ၊ ဆေးဝါးများ၊မှုန့်များကို လစဉ်လှူဒါန်းပေးခြင်း၊ အဖိုးအဖွားများ၏ နေအိမ်အရောက် ကျန်း မာ ရေးစောင့်ရှောက်မှုများကို (၁၅)ရက်တစ်ကြိမ် သွားရောက် စစ်ဆေး ကုသပေးခြင်း၊ ရာသီဥတုနှင့် လုံခြုံမှုအရ နေထိုင်ရန် မသင့်တော့သည့် အဖိုးအဖွားတို့၏ နေအိမ်များကို အသစ်ပြုပြင်ဆောက်လုပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးများကို ကာယ ကံမေတ္တာမှ အကျိုးဆောင်လူငယ်များက တစ်ပတ်တစ်ကြိမ် သွားရောက်ကုသိုလ်ယူပေးကြခြင်းတို့ဖြင့် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

” လူဆိုတာ အသက်အရွယ်အိုမင်းလာရင် ကိုယ်ကျင်လည်နေထိုင်ခဲ့တဲ့နေရာ၊ ပတ်ဝန်းကျင်မှာပဲ အသားကျပြီး နေထိုင်ချင်ကြတာ။ ဘိုးဘွား ရိပ်သာမှာထားတဲ့ သက်ကြီးတွေမှာ စိတ်အနာ တရ ဖြစ်စေတတ်မှုတွေ ရှိတယ်လို့ လေ့လာသူတွေက ပြောတယ်။ ဒါကြောင့် သူတို့ အသားကျ ပြီးသား နေအိမ်လေးတွေမှာပဲ စိတ်ချမ်းသာအောင်နေနိုင်ဖို့ ကူညီစောင့်ရှောက်နေတာပါ “ဟု ကာယကံမေတ္တာ လူမှုကူညီသူများ၏ ဦးဆောင် ဆရာတော်က မိန့်ကြားသည်။

အဖိုးအဖွားများကို လစဉ်အလှူရှင်များက မိမိတို့တတ်နိုင်သည့်ဖက်မှ ပါဝင်လှူဒါန်းလျက်ရှိသောကြောင့် ဆက်သွယ်လှူဒါန်းလိုပါက ကလေးမြို့၊ ကာယကံမေတ္တာ လူမှုကူညီသူများရုံး၊ (ဖုန်း-၀၇၃-၂၁၀၉၄/ ၀၉- ၄၇၀၇၃၄၆၆/ ၀၉၄၀၀၄၅၈၁၉၉)သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

No comments:

Post a Comment