Monday, April 1, 2013

ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Monday, April 1, 2013 

မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေ
ရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း
ဖော်ပြထားသည်။ 

အမေရိကန် စစ်အခြေစိုက် စခန်းများ တည်ရှိနေသည့် ဂျပန်မြို့ (၃)ခုကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်
လိုက်သည်။ မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီး
ယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။ 

"ယိုကိုဆူကာ၊ မီဆာဝါနဲ့ အိုကီနာဝါတို့ဟာ ကျွန်ုပ်တို့ ပစ်ခတ်တိုက်ခိုက်နိုင်
တဲ့ အကွာအဝေး အတွင်းမှာပဲ တည်ရှိတယ်။ ဂူအမ်နိုင်ငံလည်း တူတူပဲ"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂူအမ်ရော၊ ယင်းဂျပန်မြို့များပါ အမေရိကန် စစ်အခြေစိုက် စခန်းများကို ဖွင့်လှစ်ခွင့် ပြုထားသည်။

ရိုဒွန်ဆင်မွန်းက "အမေရိကန်ဟာလည်း ထိခိုက်အောင် ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိနေတယ်။ နားလည်ထားရမှာက မြောက်
ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ခုကတည်းက စစ်ပွဲဖြစ်နိုင်တဲ့ အဆင့်မှာ ရှိနေပြီ ဆိုတာပဲ"ဟုလည်း ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား ဝါဒဖြန့် ဝက်ဘ်ဆိုက်က "ကျွန်ုပ်တို့ဟာ ဂျပန်ကနေ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေ အားလုံးကိုလည်း ကြားဖြတ် ပစ်ချနိုင်တယ်"ဟုပါ ပြောကြားခဲ့သည်။ 

ဂျပန်ကို မြောက်ကိုရီးယားက ယခင်ကတည်းက ရန်ဘက်နိုင်ငံအဖြစ် စာရင်းသွင်းခဲ့သော်လည်း အဓိက ပစ်မှတ်အဖြစ် အလားအလာ သတ်မှတ်မှုမှာ ယခင်က အလွန်နည်းပါးခဲ့ကြောင်း သိရှိရသည်။

http://www.planet.com.mm/news/read.cfm/id/21319
Planet Myanmar Network
မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေ ရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်းဖော်ပြထားသည်။ အမေရိကန် စစ်အခြေစိုက် စခန်းများ တည်ရှိနေသည့် ဂျပန်မြို့ (၃)ခုကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်သည်။ မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီး
ယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။

"ယိုကိုဆူကာ၊ မီဆာဝါနဲ့ အိုကီနာဝါတို့ဟာ ကျွန်ုပ်တို့ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အကွာအဝေး အတွင်းမှာပဲ တည်ရှိတယ်။ ဂူအမ်နိုင်ငံလည်း တူတူပဲ"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂူအမ်ရော၊ ယင်းဂျပန်မြို့များပါ အမေရိကန် စစ်အခြေစိုက် စခန်းများကို ဖွင့်လှစ်ခွင့် ပြုထားသည်။

ရိုဒွန်ဆင်မွန်းက "အမေရိကန်ဟာလည်း ထိခိုက်အောင် ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိနေတယ်။ နားလည်ထားရမှာက မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ခုကတည်းက စစ်ပွဲဖြစ်နိုင်တဲ့ အဆင့်မှာ ရှိနေပြီ ဆိုတာပဲ"ဟုလည်း ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား ဝါဒဖြန့် ဝက်ဘ်ဆိုက်က "ကျွန်ုပ်တို့ဟာ ဂျပန်ကနေ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေ အားလုံးကိုလည်း ကြားဖြတ် ပစ်ချနိုင်တယ်"ဟုပါ ပြောကြားခဲ့သည်။

ဂျပန်ကို မြောက်ကိုရီးယားက ယခင်ကတည်းက ရန်ဘက်နိုင်ငံအဖြစ် စာရင်းသွင်းခဲ့သော်လည်း အဓိက ပစ်မှတ်အဖြစ် အလားအလာ သတ်မှတ်မှုမှာ ယခင်က အလွန်နည်းပါးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment