Monday, April 1, 2013

မိတ္ထီလာမှ စတင်သော ပဋိပက္ခများကြောင့် အဘိဓမ္မာ စာမေးပွဲဖြေ ရက်များ နောက်ဆုတ် လိုက်ရ

Photo: မိတ္ထီလာမှစတင်သောပဋိပက္ခများကြောင့်အဘိဓမ္မာစာမေးပွဲဖြေရက်များ နောက်ဆုတ်လိုက်ရ

Sunday, March 31, 2013

မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်

များတွင် ပုဒ်မ၁၄၄ ထုတ်လိုက်ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက်တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသော

ရွှေတိဂုံဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။

ကမ္ဘာအေး ပညာရေးဗဟိုအဖွဲ့မှ မတ်လ၂၉ရက်နေ့တွင် တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲများကို တပြိုင်နက် ဖြေဆိုရမည်ဟု သတင်းထုတ်ပြန်

ကြေညာထားသော်လည်း မိတ္ထီလာမှစတင်သော ပဋိပက္ခများကြာင့် ရက်အတိအကျမရှိ ရွှေ့ဆိုင်းထားကြောင်း စာဖြေရမည့် ဆရာသံ

ဃာတော်များက ပြောကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စာချသံဃာတော်တစ်ပါးက“ အရင်တုန်းက ဒီစာမေးပွဲတွေက တိုင်း/ပြည်နယ် ခွဲပြီး ဖြေကြရတာ။ ဒီနှစ်မှ တစ်နိုင်ငံလုံး တစ်ချိန်တည်း ဖြေမယ်ကြေညာခါမှ ခုလိုဖြစ်သွားပြန်တာ။ အရင်တုန်းက ဘုန်းကြီးတွေ အစုအစုတွေ ဖြစ်မှာကြောက်လို့ တစ်နယ်စီခွဲဖြေကြတာ။ ဗဟိုမှာ မေးခွန်းထုတ်တဲ့ဘုန်းကြီးတွေတော့ ကမ္ဘာအေးကနေ မလွှတ်

သေးတော့ ဖြေတော့ဖြေရမှာပါ ။ ဒါပေမဲ့ ဘယ်တော့မှန်းတော့ ဘုန်းကြီး

တို့ မသိဘူး။”ဟု မိန့်ကြားသည်။

အဘိဓမ္မာစာမေးပွဲများသည် အင်္ဂလိပ်လက်ထက်ကပင် တနိုင်ငံ

လုံး တပြိုင်နက် ဖြေကြားခဲ့ကြခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်၌ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲဖြေခဲ့ကြရကြောင်း၊ ယခုနှစ်တွင် တစ်နိုင်ငံလုံးအနေအထား ပြန်လည်ဖြေကြားကြမည်ဟု ကြေ

ညာထားသော်လည်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားလိုက်သော

ကြောင့် စာမေးပွဲဖြေကြားရက်များ နောက်ဆုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိုက်

The Myanma Age

http://themyanmaage.com
မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်များတွင် ပုဒ်မ၁၄၄ ထုတ်လိုက် ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက် တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသောရွှေတိဂုံဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။

ကမ္ဘာအေး ပညာရေးဗဟိုအဖွဲ့မှ မတ်လ၂၉ရက်နေ့တွင် တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲများကို တပြိုင်နက် ဖြေဆိုရမည်ဟု သတင်း ထုတ်ပြန် ကြေညာ ထားသော်လည်း မိတ္ထီလာမှစတင်သော ပဋိပက္ခ များကြာင့် ရက်အတိအကျမရှိ ရွှေ့ဆိုင်းထားကြောင်း စာဖြေရမည့် ဆရာသံဃာတော်များက ပြောကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စာချသံဃာတော်တစ်ပါးက“ အရင်တုန်းက ဒီစာမေးပွဲတွေက တိုင်း/ပြည်နယ် ခွဲပြီး ဖြေကြရတာ။ ဒီနှစ်မှ တစ်နိုင်ငံလုံး တစ်ချိန်တည်း ဖြေမယ်ကြေညာခါမှ ခုလိုဖြစ်သွားပြန်တာ။ အရင်တုန်းက ဘုန်းကြီးတွေ အစုအစုတွေ ဖြစ်မှာကြောက်လို့ တစ်နယ်စီခွဲဖြေကြတာ။ ဗဟိုမှာ မေးခွန်း ထုတ်တဲ့ဘုန်းကြီးတွေတော့ ကမ္ဘာအေးကနေ မလွှတ်သေးတော့ ဖြေတော့ဖြေရမှာပါ ။ ဒါပေမဲ့ ဘယ်တော့ မှန်းတော့ ဘုန်းကြီးတို့ မသိဘူး။”ဟု မိန့်ကြားသည်။

အဘိဓမ္မာစာမေးပွဲများသည် အင်္ဂလိပ်လက်ထက်ကပင် တနိုင်ငံလုံး တပြိုင်နက် ဖြေကြားခဲ့ကြခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်၌ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲဖြေခဲ့ကြရကြောင်း၊ ယခုနှစ်တွင် တစ်နိုင်ငံလုံးအနေ အထား ပြန်လည်ဖြေကြားကြမည်ဟု ကြေညာထားသော်လည်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားလိုက်သော
ကြောင့် စာမေးပွဲဖြေကြားရက်များ နောက်ဆုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိုက်
The Myanma Age

No comments:

Post a Comment