Monday, April 1, 2013

မြန်မာနိုင်ငံ ကူးလက်မှတ် လျှောက်ထား မှုများကို ၁ဝ ရက်အတွင်း ထုတ်ပေး မည်

နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့) လျှောက်ထားရာ၌ ဧပြီလမှ စတင်ကာ ၁ဝ ရက်အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် ငွေကျပ် ၂၃၂ဝဝ သာ ကုန်ကျ မည် ဖြစ်ကြာင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးမှ ထုတ်ပြန်ချက် အရ သိရသည်။ 

နိုင်ငံကူး လက်မှတ် ပြုလုပ် လိုသည့် ပြည်သူများ အဆင်ပြေ စေရန် အတွက် နိုင်ငံကူး လက်မှတ် ပြုလုပ်မှု များကို အဆင့်ဆင့် လျှော့ချ လိုက်ခြင်းကြောင့် ကြားခံ ပွဲစား များလည်း ပပျောက် သွားမည် ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ် ရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံကူး လက်မှတ် ပြုလုပ် ရာတွင် ယခင် ကဲ့သို့ ပုံစံ (၁၇၊၁၉) ပညာရေး ကင်းရှင်းကြောင်းနှင့် D From အစရှိသည့် အထောက် အထားများ တင်ပြ စရာ မလို တော့ကြောင်း သိရသည်။

No comments:

Post a Comment