Sunday, January 6, 2013

တရားမ၀င်သစ်ခွဲသားများ နှင့် မော်တော်(၁)စီးအား ကသာသစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာ မြို့တွင် ခရိုင်   သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်း ၏ ပွင့်လင်းရာ သီစစ်ကြောင်း လမ်း ညွှန်ချက်အရ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်း ထွန်းခေါင်းဆောင်သော အဖွဲ့သည် တောအုပ်ကြီး ဦးကျော်ဦး၊တော အုပ်ဦးဇော်ဝင်း၊ဦးမျိုးဇော်ညွှန့်၊  ဦးမြင့်အောင်၊
ဦးချိုနိုင်၊တောခေါင်း  ဦးမျိုးမင်းဦးတို့လိုက်ပါလျက်သက်  သေများနှင့် အတူ သတင်းအရ    (၂၂.၁၂.၂၀၁၂)ရက် (၁၈း၅၅) အချိန် ကသာမြို့နယ်
 ဝေဆွယ် ကျေးရွာအနီး ဝေအင်းချောင်း   ဘေးတွင် မော်တော်(၁)စီးနှင့်အတူ
 အောက်ပါတရားမ၀င်သစ်ခွဲသား များ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော သက်သေ  ခံပစ္စည်းများမှာ အင်ခွဲသား ၄၅၃ ချောင်း (၁၇.၉၄၇)
တန်၊အင်ပကာ  စိတ်ခြမ်း ၂၈၅ချောင်း၊(၁၆.၅၈၄) တန် စုစုပေါင်း (၃၄.၅၅၈)
တန် နှင့် အလျား ၆၀ပေ၊အနံ ၁၆ပေ၊ စောက် ၅ပေရှိပြီး ၃၂ကောင် အင်ဂျင်
 (၁)လုံး၊ ၂၂ကောင် အင် ဂျင်(၁)လုံးတပ်ထားပြီး ရှပ်တန်း နှင့်ပန်ကာတွဲလျက်
 မော်တော်    (၁)စီးတို့ကို ဖမ်းမိခဲ့ကြောင်း သိရ ပါသည်။

မော်တော်ပိုင်ရှင်မှာ ဦးဝေ မျိုး၊အမှတ်(၈)ရပ်ကွက်၊ကသာမြို့   နေသူဖြစ်ပြီး
သစ်ခွဲသားပိုင်ရှင်မှာ    ဦးလှစိုး၊ဝေဆွယ်ကျေးရွာ ကသာ မြို့နယ်ဖြစ်ပြီး ၎င်းတို့နှစ်
ဦးအား   သစ်တောဥပဒေပုဒ်မ ၄၁(က)  အရ အရေးယူဆောင်ရွက်ထား
 ကြောင်းသိရပါသည်။

(၂၃.၁၂.၂၀၁၂)ရက် (၂၃း  ၀၀)အချိန်တွင် စည်းမြို့နယ် သစ် တောဦးစီးအရာရှိ ဦးဝင်းထွန်းသည်  တောအုပ်ကြီးဦးအင်ထင်းနော်၊ တောအုပ်မျိုးဇော်ညွှန့်၊ဦးဇော်ဝင်း၊

ဦးမြင့်အောင်၊ဦးအုန်းကိုကိုဝင်း၊ ဦးကျော်ဆွေ(တောခေါင်း)တို့နှင့် အတူ သတင်းအရ ကသာမြို့နယ်    ညောင်ခြေထောက်ရွာအရှေ့ဘက်    ဧရာဝတီမြစ်အတွင်းရှိ
ပဲ့ထောင် မော်တော်ပေါ်မှ တမလန်းသစ်  (၁)လုံး(၀.၁၅၂)တန်။

တမလန်း  တိုင်(၁)လုံး၊(၀.၀၁၂)တန်၊တမလန်း   ဓားရွေ(စကွဲယား)၉တုံး(၀.၇၅၀)
တန် နှင့်ဝီလီအင်ဂျင် ၂၂ကောင် တပ် ရှပ်တန်းနှင့်ပန်ကာတွဲလျက် ပဲ့ထောင်မော်တော်(၁)စီးနှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းပိုင်ရှင်များမှာ   ထွက်ပြေးတိမ်းရှောင်နေသဖြင့်  သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့်  ပူးပေါင်း၍တရားခံအား စုံစမ်းလျက်  ရှိကြောင်း သတင်းရရှိသည်။

Hot News Weekly

No comments:

Post a Comment