Monday, March 18, 2013

အမေရိကန် မောင်းသူမဲ့ လေယာဉ်ထံ ပျံသန်းလာသော အီရန် တိုက်ခိုက်ရေး လေယာဉ်တစ်စင်း အချက်ပြမီး တွေ့ရှိပြီး နောက်လှည့်ပျံသန်း



အီရန် တိုက်လေယာဉ် တစ်စင်းသည် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းဆီသို့ ဦးတည် ပျံသန်း လာစဉ် သတိပေး မီးကျည် ပစ်ခတ်ပြီးနောက် အီရန် လေယာဉ်မှာ နောက်လှည့် ပျံသန်း သွားကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လက်နက် တပ်ဆင်ထားခြင်း မရှိသော Predator ဟု အမည် ပေးထားသည့် ယင်းမောင်းသူမဲ့ လေယာဉ်ကို အမေရိ ကန် စစ်လေယာဉ် နှစ်စင်း က စောင့်ကြပ်၍ နိုင်ငံတကာ ရေပိုင်နက် အတွင်း ပျံသန်းနေစဉ် အီရန် လေယာဉ် ချဉ်းကပ်လာမှုကို အစောင့် လိုက် လေယာဉ်နှစ်စင်း အနက်မှ တစ်စင်းက အချက်ပြ မီးကျည် ပစ်ခတ် ခဲ့ခြင်း ဖြစ် သည်။

အီရန် F-4 တိုက်လေယာဉ်သည် အမေရိကန် မောင်းသူမဲ့ လေယာဉ်နှင့် အနီးစပ်ဆုံး ၁၆ မိုင် အကွာတွင် ရောက်ရှိ နေခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ပြန်ကြားရေး ဌာနမှ ဂျော့လစ်တယ်လ် က ပြောကြားခဲ့ သည်။ အဆိုပါ Predator မောင်းသူမဲ့ လေယာဉ်သည် အာရေဗျ ပင်လယ်အတွင်း ကင်းလှည့် စစ်ဆေးနေ ခြင်း ဖြစ်ပြီး အမေရိကန် စစ်ဘက်မှ လေယာဉ် သုံးစင်းသည် နိုင်ငံ တ ကာ ရေပိုင်နက် အတွင်း အချိန်ပြည့် ကင်းလှည့်လျက် ရှိကြောင်း ဂျော့က ထပ်လောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက အီရန် တိုက်ယာဉ် တစ်စင်းသည် အာရေဗျ ပင်လယ်ကွေ့ အကျော်တွင် Predator မောင်းသူမဲ့ လေယာဉ်ကို တိုက်ခိုက် ခဲ့သော်လည်း ထိမှန်ခဲ့ခြင်း မရှိခဲ့ပေ။

ref:မြ၀တီ

No comments:

Post a Comment