Monday, March 18, 2013

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း

Photo: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း
Monday, March 18, 2013 
   
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာပြီး နောက်နှစ်ရက် အကြာတွင် စီမံကိန်းအား ကန့်ကွက်ဆန္ဒ ဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဆန္ဒပြသူများ ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်
နေကြသည့် ဒေသခံများသည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေးရွာမှ ဖွင့်လှစ်ထားသည့် လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်း တစ်ခုကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း သိရှိရသည်။

“ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒေသခံတွေကို ပြောသွားတဲ့ ဆန္ဒပြမယ်ဆိုရင် ဥပဒေဘောင် အတွင်းကနေ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ ဥပဒေနဲ့ မညီရင်တော့ အရေးယူမှုတွေ ရှိမှာပဲဆိုတဲ့ စကားကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်းပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဥပဒေနဲ့အညီပဲ စီမံကိန်းကို ရပ်ဆိုင်းဖို့အတွက် ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ဒေသခံများက ပြောပြခဲ့ကြသည်။

သပိတ်စခန်း ဖွင့်လှစ်ခဲ့သော တုံရွာမမှ ဦးဇေယျက “ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက ရိုင်းပြစွာ ဆက်ဆံတဲ့သူ အချို့ကြောင့် ရွာနာမည်သမိုင်း မပျက်စေဖို့ တုံရွာက လက်မခံတဲ့သူတွေ ပေါင်းစုပြီး အဲဒီလူတစ်စု လုပ်ရပ်ကို ရှုတ်ချပွဲ ဒေါ်အောင်ဆန်းစုကြည်ကို
တောင်းပန်ထောက်ခံပွဲ ပြုလုပ်သွားဖို့  စီစဉ်နေပြီး သက်ဆိုင်ရာကို
ပြုလုပ်ခွင့် တင်ပြထားပါတယ်” ဟူ၍ ပြောပြခဲ့သည်။

Eleven Media Group လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော် မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည် ထွက်ခွာ ပြီး နောက်နှစ်ရက် အကြာ တွင် စီမံကိန်းအား ကန့်ကွက် ဆန္ဒ ဖော် ထုတ်နေသည့် သပိတ်စခန်း များအား ဆန္ဒပြသူများ ကိုယ်တိုင်ဖျက်သိမ်း လိုက် ပြီ ဖြစ်ကြောင်း သိရ သည်။
မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်နေကြ သည့် ဒေသခံများ သည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေး ရွာမှ ဖွင့်လှစ်ထားသည့် လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်း တစ်ခုကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း သိရှိရသည်။

“ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒေသခံတွေကို ပြောသွားတဲ့ ဆန္ဒပြမယ် ဆိုရင် ဥပဒေဘောင် အတွင်းကနေ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ ဥပဒေနဲ့ မညီရင်တော့ အရေးယူမှုတွေ ရှိမှာပဲဆိုတဲ့ စကားကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်း ပစ်လိုက် တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဥပဒေနဲ့အညီပဲ စီမံကိန်းကို ရပ်ဆိုင်းဖို့အတွက် ဆက်လက် လုပ်ဆောင်သွား ပါမယ်” ဟု ဒေသခံများက ပြောပြခဲ့ကြသည်။

သပိတ်စခန်း ဖွင့်လှစ်ခဲ့သော တုံရွာမမှ ဦးဇေယျက “ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက ရိုင်းပြစွာဆက်ဆံတဲ့သူ အချို့ကြောင့် ရွာနာမည်သမိုင်း မပျက်စေဖို့ တုံရွာက လက်မခံတဲ့ သူတွေ ပေါင်းစုပြီး အဲဒီလူတစ်စု လုပ်ရပ်ကို ရှုတ်ချပွဲ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက် ခံပွဲ ပြုလုပ်သွားဖို့  စီစဉ်နေပြီး သက်ဆိုင်ရာကိုပြုလုပ်ခွင့် တင်ပြထားပါတယ်” ဟူ၍ ပြောပြ ခဲ့သည်။

Eleven Media Group

No comments:

Post a Comment