စင်္ကာပူနိုင်ငံ၏ ကုန်သွယ်ရေး အချက်အချာ နေရာ၌ တည်ဆောက်မည့် Marina One
အိမ်ရာစီမံကိန်း၏ ဒီဇိုင်းပုံစံကို စတင် ပြသလိုက်ပြီ ဖြစ်သည်။
ရုံးခန်းများ၊ ဆိုင်ခန်းများ၊ အိမ်ခန်းများ ပါဝင်မည့် အဆိုပါ စီမံကိန်းကို
Khazanah Nasionalနှင့် Temasek Holdingsတို့က (၆၀)ရာခိုင်နှုန်းနှင့်
(၄၀)ရာခိုင်နှုန်းစီ ခွဲဝေ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။
အင်္ဂါနေ့က
စီမံကိန်း၏ ပုံစံငယ်ကို စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဂ်က ပြသခဲ့ပြီး
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်လည်း ဒီဇိုင်းဖွင့်လှစ်
ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
စင်ကာပူနှင့်
မလေးရှားတို့သည် နှစ်နိုင်ငံကြား မြန်နှုန်းမြင့်မီးရထားလမ်း
ဆက်သွယ်ဖောက်လုပ်ရန် သဘောတူညီချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment