Saturday, March 23, 2013

မိတ္ထီ လာ နံနက် ၆း ၀၀နာရီ am အချိန်နှင့် နောက်ဆုံး အခြေအနေများ။

Photo: ကမာရွတ်မြို့နယ်၌ လုံခြုံရေးတိုးမြှင့် ဆောက်ရွက်နေသည်ကို မတ်လ ၂၂ ရက်နေ့ ညပိုင်းက တွေ့ရစဉ်

Eleven Media Group
ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။မနက် ၆း၀၀နာရီ အချိန် စားသောက် စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင် လာသည့် ၁၀ဘီးကားများမြို့ထဲသို့ဝင်ရောက်လာ။
မနက် ၆း၀၀နာရီခွဲအချိန် မြို့ထဲသို့ကျွန်တော်လည့်လည်ကြည့်ရှုရာတွင် ကယ်ဆယ်ရေးစခန်း တစ်ခုအတွင်းရှိလူမျိုးခြားများက စခန်းအပြင်ဘက်ထွက် လာပြီးလက်ဘက်၇ည်ဆိုင်ထိုင်ကြ။လက်ဘက်ရည်ဝယ် ၊ကွမ်းဝယ်နှင့် စည်ကားနေတာ ကိုတွေ လိုက်ရပါသည်။ သည်အခြေနေ မှာလုံးဝမဖြစ်သင့်သေးပါ။ပြဿနာရှာလိုသူများနှင့်တွေလျှင် မီးထပ်ပွားသွားနိုင်ပါသည်။

ကယ်ဆယ်ရေးစခန်းအတွင်းရှိတာဝန်ရှိသူများ စည်းကမ်းတကျကြပ်မတ်ရန်လိုအပ်ပါသည်။ လက်ဘက် ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စုလောက်မှတာ ဝန်ယူ၍ကျန်လူများ အတွက်ဝယ်ပေး သင့်ပါသည်။

လက်ဘက်ရည်ဆိုင် ထိုင်ပြီးဟေးလားဝါးလား လုပ်နေသည်မှာ မသင့်တော်ပါ အမြန်ဆုံးထိန်းသိမ်း သင့်ပါသည်။

ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းပေးသင့်ပါသည်။မြို့ထဲမှာ ဒီလိုဆက်ဖြစ်နေလျှင် ပြဿနာတွေထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာ မည်သည့် စခန်းဆိုတာကိုတော့တို့မီးရှို့မီး လုပ်မည့်လူများသိရှိသွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။

ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော်များကိုဆွမ်းလောင်းသည့် လူမျိုးခြား မွတ်ဆလင်အိမ် မိတ္ထီလာမှာရှိပါသည်။ သဓ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့် ပဲလောင်းလောင်း၊မြို့ခံတွေမှအသိအမှတ်ပြုထားသည့်၎င်းနေအိမ်မှာ အန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ ခဲတစ်ချက်တောင်အမှန်မခံရပါ။ ဝမ်းသာကြည်နှုး ဖွယ်ပါပေ။

မည့်သည့်အိမ်ဖြစ်သည်၊ မည်သည့်နေရာတွင်ရှိသည်ဆိုသည်ကိုမှု လူမိုက်ကလေးများကို သတိပေး၊ သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမတင်တော့ပါ။ ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည် မှာ ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့် ရှောက်ပေးနေသော တပ်မတော်သားများနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်နှင့် ပြည်သူများအကြား ရင်ထဲရှိ အကျိတ်အခဲများပြေပျောက် ၍ဗိုလ်ချုပ်ရှိစဉ်က ကဲ့သို့  ပြန်လည် ချစ်ခင်ညီ ညွှတ်ကြ မည့် ရောင်နီဦးလေလားဟု မြော်လင့်မိကြောင်းပါ ခင်ဗျား။

မင်းသန့်အောင်(မိတ္ထီလာ)
Myanmar News Update

No comments:

Post a Comment