၂၀၁၃ ခုနှစ် ဧပြီလ(၄)ရက်နေ့မြန်မာစံတော်ချိန် (၀၅)နာရီ (၃၀)မိနစ် (၂၃)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၈၅)မိုင်ခန့် ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း (နေပြည်တော်၏ အနောက်တောင်ဘက် မိုင်(၄၀)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ် ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
(မြန်မာစံတော်ချိန် ၂၃း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၃ ခုနှစ် ဧပြီလ(၃)ရက်နေ့မြန်မာစံတော်ချိန် (၂၃)နာရီ (၀၅)မိနစ် (၄၈)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၁၉၀)ခန့် ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း (နေပြည်တော်၏ အနောက်တောင်ဘက် (၄၉)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Ref: မိုးဇလ
DVB
No comments:
Post a Comment