တိုင်းပြည်၏ အကြွေးနွံ နစ်နေမှုကို
ကယ်တင်ရန် အတွက် နိုင်ငံ ပိုင်နက် နယ်မြေအချို့ကို ရောင်းချရန် ဂရိအစိုးရက
ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။
ဂရိဝန်ကြီးချုပ် အန်တိုနစ် ဆမာရက်စ်က
မိမိတို့ သည် နိုင်ငံ၏ ကမ်းခြေနေရာ အချို့နှင့် နိုင်ငံပိုင် ကျွန်းများ ကို
ရောင်းချရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။ ဂရိသည် ဘဏ္ဍာေ ရး အကျပ်အတည်းများ
ဆိုက်ရောက်ကာ ကြွေးမြီများ အမြောက်အမြား တင်ရှိလျှက် ရှိနေရာ ယခုခြေလှမ်းက
အထိုက် အလျောက် အသက်ရှူ ချောင်လာစေမည်ဟု အစိုးရက ယုံကြည်ထားသည်။
(၃)နှစ်ကြာ ကြွေးမြီပြဿနာတွင် ရုန်းကန်နေရသည့် နိုင်ငံ၏ အကြီးအကဲက
"အခြေအနေ အရ နိုင်ငံတော် လုံခြုံရေးကို မထိခိုက်နိုင်တဲ့ နေရာတချို့၊
ကျွန်းတချို့ ကို ငွေအရင်း အမြစ် ပေါ်လာဖို့ ရောင်းချတာမျိုး လုပ်သွားမှာပါ"ဟု
ပြောကြားခဲ့သည်။ ၎င်းက "ကျွန်းတွေကို ဈေးပေါေ ပါနဲ့ ရောင်းမှာတော့ မဟုတ်ဘူး။
ဒါပေမဲ့ လူမနေတဲ့ ကျွန်းတချို့ကို ဝင်ငွေကဏ္ဍအတွက် ပြန်ရောင်းမယ့် သဘောပါ။
မျှတတဲ့ ဈေးနှုန်းမျိုးနဲ့ ဆိုပါတော့"ဟုလည်း ဆိုသည်။ ဂရိသည် ကျွန်းပေါင်း
(၆၀၀၀)ကျော်ကို ပိုင်ဆိုင်ထားသော နိုင်ငံလည်း ဖြစ်သည်။
ဂရိသည် ရှေးလက်ရာ အဆောက်အ အုံဟောင်း များ တည်ရှိမှုကြောင့် နာမည်ကျော်ေ သာ
သမိုင်းဝင် အတ္တစ်ကာ ကမ်းခြေနှင့် နိုင်ငံတွင်းရှိ မီးရထား ပို့ဆောင်ရေး၊
လေဆိပ်များကို လည်း ရောင်းချရန် စီစဉ်နေသည်။ လက်ရှိတွင် ဆမာရက်စ်သည်
ကြွေးမြီတင်ရှိနေသော ဥရောပ နိုင်ငံများ အား ပေါင်စတာ လင် (၁၈၈)ဘီလျံကို
ပြန်လည် ပေးဆပ် ရန်အတွက် နောက်ထပ်အချိန် (၂)နှစ်မျှ ရရှိအောင် ဆွဲဆောင်
စည်းရုံးနိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။
No comments:
Post a Comment