Tuesday, August 7, 2012

ဥပဒေဆိုတာလူ့အဖွဲ့အစည်း ကိုကာကွယ်စောင့်ရှောက်ဖို့လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဒေါ်အောင်ဆန်းစုကြည်က
“ခံစားချက်ကတော့ ဒါအလုပ်ဖြစ်အောင်တော့ လုပ်ရမယ်ဆိုတာပေါ့။ အခွင့်အရေးရှိသလောက်ကိုပဲ ဥပဒေစိုးမိုးရေး မြှင့်တင်ရေး အတွက် အသုံးချရမယ်လို့ ဒီလိုပဲရိုးရိုးခံစားချက်ပါပဲ။
ဒီဟာကတော့ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်တော့ မဆက်သွယ်ဘူး ကော်မတီက ဥပဒေစိုးမိုးရေးကို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခွာလို့မရဘူး ဒါတွေကတော့ဆက်နွယ်နေမှာပဲ ဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အမြဲပဲ ဆက်နွယ်နေတာပဲ
ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့လို့ထင်တယ် အမေကတော့ ဒီလိုမယုံကြည်ဘူး ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကိုကာကွယ်ဖို့ စောင့်ရှောက်ဖို့ လူ့အဖွဲ့အစည်းက ရသင့်ရထိုက်တဲ့အခွင့်အေ၇းကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ဒီပုံစံနဲ့ပဲလုပ်သွားမှာပါ”ဟု ကော်မတီသစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသွားသည်။

No comments:

Post a Comment