တကယ်တမ်း ရင်းနှီး မြှုပ်နှံမှုတွေက ၂၀၁၄၊ ၂၀၁၅ လောက်မှ စကြမှာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ က ခုကတည်းက စတင် ဖိတ်ခေါ်ပြီး လုပ်ထား ကြတာပါ ဟု ဦးမင်းသန့်က ဆိုသည်။
ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သုံးခုမှာ- တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ U-Pad Company၊ I-Phone, Android ဖုန်းအမျိုးအစား သီးသန့် ရောင်းချမည့် ကုမ္ပဏီနှင့် ပြင်သစ် နိုင်ငံထုတ် ALCATEL One Touch ဖုန်းကုမ္ပဏီတို့  ဖြစ်ကြောင်း ဦးမင်းသန့်က ဆိုသည်။
တရုတ်နိုင်ငံရှိ နာမည်ကျော် ဖုန်းကုမ္ပဏီများ ဖြစ်သော China Telecom နှင့် China Mobile တို့ ကို ဖိတ်ခေါ်ရန် ကြိုးစားလျက် ရှိကြောင်း ဦးသန့်ဇင်မင်း ထံမှ သိရသည်။
ယနေ့ လူငယ်များ အကြိုက်ဆုံးနှင့် အသုံး အများဆုံး ဖုန်းအမျိုးအစားမှာ- Apple Brand မှ ထုတ်လုပ်သော iPhone အမျိုးအစားနှင့် Android ဖုန်းများ ဖြစ်ကြောင်း၊ တရုတ်ဖုန်း အမျိုးအစား များမှာ- ဈေးနှုန်း တစ်သောင်းကျော်ခန့်မှ အစားစား ရှိ၍ ပုံစံမျိုးစုံ ရှိကြကြောင်း၊ သုံးပျော်သည့် အတွက် ၀ယ်ယူ အသုံးပြုသူ များကြကြောင်း မန္တလေးမြို့ ဖုန်းအရောင်းဆိုင် များမှ သိရှိရသည်။
No comments:
Post a Comment