Saturday, August 11, 2012

'i Pay ကတ် စက်ပျက်၍ ငွေပေးရလျှင် တိုင်ကြားနိုင်"

ယာဉ်လိုင်းပေါ်၌ i Pay ကတ် စက်ချို့ယွင်း၍ ငွေတောင်းခံမှု ပြုလုပ်ပါက ကားနံပါတ်မှတ်၍ တိုင်ကြားနိုင်ကြောင်း ကစ္ဆပနဒီ ကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် i Pay ကတ်ဖြင့် ဘတ်စ်ကားများ ပေးစီးရာတွင် စက်ချို့ ယွင်းမှုဖြစ်ပေါ်သည်ဟု ပြော၍ ယာဉ်လိုင်းစပယ်ယာများမှာ ကတ်ဖြင့် စီးနင်းခွင့်ကို ခွင့်မပြုဘဲ ယာဉ်စီးခငွေကိုသာ တောင်းခံနေ ကြောင်း i Pay ကတ် အသုံးပြုသူ များထံမှ သိရသည်။ ”စက်ပျက်နေတယ်၊ ကတ်နဲ့ စီးလို့ မရဘူး၊ ငွေပဲပေးရမယ် ဆိုပြီး ကတ်ကို ပြ န်ပေးတယ်၊ ကတ်နဲ့ ကားစီး လို့ရတယ် ထင်ပြီးတော့ ပိုက်ဆံမယူလာခဲ့ဘူး။ ဒါနဲ့ စကား တွေများပြီး ကားပေါ်မှာ အရှက်ကွဲ ခဲ့ရပါတယ်” ဟု တာမွေမြို့နယ်မှ i Payကတ် အသုံးပြုသူ မခင်သန်းနု က ပြောသည်။ အဆိုပါကိစ္စများနှင့် ပတ်သက် ၍ i Pay ကုမ္ပဏီမှ ဈေးကွက်မန်နေ ဂျာ ကိုအောင်ကျော်က ကုမ္ပဏီ အနေဖြင့် ယာဉ်နောက် လိုက်များ အား ကတ်အသုံးပြု သူဖြစ်ပါက ငွေကောက်ခံမှု မပြုလုပ်ရန်နှင့် စက်ချို့ယွင်း မှုကြောင့် ငွေမတောင်း ခံခဲ့ပါက ကုမ္ပဏီတွင် လူဦးရေနှင့် ငွေပြန်လည် ထုတ်ယူ ခွင့်ပေးထား ကြောင်း၊ ငွေတောင်းခံ မှုပြုလုပ်ပါက ကားနံပါတ်မှတ်၍ တိုင်ကြားနိုင် မည်ဖြစ်ကြောင်း၊ တိုင်ကြားမှု ရောက်ရှိလာပါက သက်ဆိုင်ရာ ယာဉ်လိုင်းအကြီးအ ကဲများထံ ကုမ္ပဏီမှ ညှိနှိုင်းအရေးယူမှု များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြော သည်။”အမှန်တကယ် စက်ချို့ယွင်း ခဲ့ရင်တော့ နောက်တစ် ခါ ငွေမ ကောက်ဖို့ သတိပေးမှာ ပါ။ စက် မပျက် ဘဲ ငွေလိမ်လည်ကောက်ခဲ့ ရင်တော့ အရေးယူသွားမှာပါ” ဟု ၄င်းက ဆက်လက်ပြောသည်။ ယင်းသို့ စက်ချို့ယွင်းမှုကြောင့် ငွေတောင်း ခံခြင်းမပြုပါက ကတ်ဖြင့် စီးနင်းသူ များအနေဖြင့် ကတ်အ တွင်း ငွေပြတ်တောက်မှု မရှိခြင်း ကြောင့် အခမဲ့ ကားစီးနင်းခွင့်ရရှိ မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။i Pay ကတ်စနစ်အား ၂ဝ၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှစတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အဓိပတိယာဉ် လိုင်းများနှင့် သင်္ဘောများတွင် အသုံးပြုလျက်ရှိကြောင်း အသုံးပြု သူ နှစ်ေ သာင်းငါးထောင်ရှိနေ ပြီဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

No comments:

Post a Comment