Sunday, September 9, 2012

ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းများ အား ယန်းငွေ ၂ ဒသမ ၀၅ ဘီလီယံဖြင့် ၀ယ်ယူရန် ဂျပန်အစိုးရ သဘောတူ




ဂျပန်အစိုးရသည် ဂျပန်-တရုတ် နှစ်နိုင်ငံကြား အငြင်းပွားလျက်ရှိသော ဆန်ကာကုကျွန်း ငါးကျွန်းအနက်မှ သုံးကျွန်းအား ဂျပန်မိသားစု တစ်စုဖြစ်သည့် ကူရီဟာရာ မိသားစုထံမှ ဂျပန်ယန်း ၂ ဒသမ ၀၅ ဘီလီယံဖြင့် ၀ယ်ယူရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါကျွန်းများသည် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံရှိ အိုကီနာဝါကျွန်းတို့၏ မိုင် ၂၀၀ အကွာအဝေး၌ တည်ရှိကြောင်း သိရသည်။ ၄င်းကျွန်းဝယ်ယူမှုများနှင့် စပ်လျဉ်း၍ ဂျပန်အစိုးရနှင့် ကျွန်းပိုင်ရှင်များကြား ဆက်လက် ဆွေးနွေးလျက်ရှိကြောင်း၊ သို့ရာတွင် ဆွေးနွေးချက်များ၏ အသေးစိတ်ကို ထုတ်ပြန်ရန် ဂျပန်အစိုးရက ငြင်းဆိုခဲ့ကြောင်း သိရသည်။



No comments:

Post a Comment